တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပပြုလုပ်

တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မဟာသရေစည်သူမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ချီးမြှင့်အပ်နှင်းပေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

· လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်သည် နိုင်ငံသားတိုင်း၏သမိုင်းပေးတာဝန်ပင် ဖြစ်ကြောင်း၊ ထိုကဲ့သို့သမိုင်းပေးတာဝန်များကို ရဲစွမ်းပြောင်မြောက်သည့် သူရသတ္တိများနှင့် မိမိတို့၏အသက်ခန္ဓာကိုစတေးခံပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့ကြသည့် နိုင်ငံ့သားကောင်းများကို ယခုကဲ့သို့လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်လျက်ရှိခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်လူ ငယ်များ၊ မျိုးဆက်သစ်တပ်မတော်သားများအနေဖြင့်လည်း အားကျအတုယူစေရန်ပင်ဖြစ်ကြောင်း။

· တိုင်းပြည်တစ်ခုအတွက် ကိုယ်ပိုင်လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာဆိုသည်မှာ အလွန်အရေးကြီးသည့် အရာများပင်ဖြစ်ကြောင်း။

· လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူပေါ်ပေါက်ခဲ့သည့်  ခေတ်သစ်မြန်မာ့တပ်မတော်သည် “ရဲသော်မသေ သေသော်ငရဲမလား”ခံယူချက်နှင့်အညီ အာဇာနည်ထုံး နှလုံးမူပြီး သူရဲကောင်းမြောက်မြားစွာကို မွေးထုတ်ပေးခဲ့ကြောင်း။

· တပ်မတော်အနေဖြင့် နိုင်ငံတော်ကို လုံခြုံအောင်ကာကွယ်ပြီး ပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ရေး စောင့်ရှောက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံမူများချမှတ်ပြီး ဆောင်ရွက်နေခြင်းသည် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း။

· နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး နိုင်ငံတော်ကိုလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

· ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွင်း၌ ချမှတ်ထားသည့် “ တစ်နိုင်ငံ လုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် သွားမည် ” ဟူသည့်အချက်သည် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်လာပါက ငြိမ်းချမ်းရေးကို မည်မျှအလေးထားသည်ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း။

· အများသူငါ လုပ်ဆောင်နိုင်ရန်ခဲယဉ်းသည့် တာဝန်များကို စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့် ကျေကျေပွန်ပွန်ထမ်းဆောင် ခဲ့သူများအတွက် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို မင်္ဂလာတရားတော်နှင့်အညီ နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့အခါသမယတွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း။

· တိုင်းပြည်နှင့် လူမျိုးအတွက် အခက်အခဲကိုအမှုမထားဘဲ အသက်စွန့်လွှတ်မှု၊ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင်မြောက်သည့်သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ဆောင်ရွက်မှု၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ခိုင်မာသည့်သန္နိဋ္ဌာန်စိတ်ဓာတ်များဖြင့် တာဝန်ထမ်းဆောင်မှုတို့အတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော် လည်း တက်ညီလက်ညီစွမ်းဆောင်ခဲ့ကြသူများ အားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း။

· မျိုးဆက်သစ်များအနေဖြင့် ရှင်မဟာရဋ္ဌသာရ၏ ဂမ္ဘီသာရ ပျို့လာ “ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံ့ဝန်၌၊ ကုမ္ဘာန်ယက္ခ၊ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့” ဟူသည့်စိတ်များဖြင့် အသက်ခန္ဓာနှင်းအပ်ကာ ရည်မှန်းချက်တာဝန်များကို မတွန့်မဆုတ်ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ၏ ယုံကြည်ချက်ခံယူချက်ကောင်းများကို အားကျအတုယူကာ နိုင်ငံတော်က အားကိုးရပြီး ပြည်သူလူထုကလေးစားအား ထားရသည့် မျိုးချစ်တပ်မတော်သားကောင်းဇာနည်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ၆ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသူ ၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၂ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို ဆုတံဆိပ် နှင့် လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၄၀ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်  လက်မှတ်ရရှိသူ ၈၂ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်းတစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ပါသည်။

တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်ရရှိသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လအထိ အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၊ သီဟသူရဘွဲ့ရရှိသူ ၅၀ ဦး၊ သူရဘွဲ့ရရှိသူ ၅၄၆ ဦး၊ သီဟဗလတံဆိပ်ရရှိသူ ၆ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်ရရှိသူ ၁,၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ  ၂,၀၁၈ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ  ၂,၉၈၇ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁,၉၀၁ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

  • လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် ရန်သည် နိုင်ငံသားတိုင်း၏သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း။
  • လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူပေါ်ပေါက်ခဲ့သည့် ခေတ်သစ်မြန်မာ့တပ်မတော်သည် “ရဲသော်မသေ သေသော် ငရဲမလား” ခံယူချက်နှင့်အညီ အာဇာနည်ထုံးနှလုံးမူပြီး သူရဲကောင်းမြောက်မြားစွာကို မွေးထုတ်ပေးခဲ့ကြောင်း
  • တပ်မတော်အနေဖြင့် နိုင်ငံတော်ကို လုံခြုံအောင်ကာကွယ်ပြီး ပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ရေး စောင့်ရှောက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံမူများချမှတ်ပြီး ဆောင်ရွက်နေခြင်းသည် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခြင်းပင်ဖြစ် ကြောင်း။
  • ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွင်း၌ ချမှတ်ထားသည့် “ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေး ထားလုပ်ဆောင်သွားမည် ” ဟူသည့်အချက်သည် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးနှင့် ပတ်သက် လာပါက ငြိမ်းချမ်းရေးကို မည်မျှအလေးထားသည်ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း။
  • တိုင်းပြည်နှင့် လူမျိုးအတွက် အခက်အခဲကိုအမှုမထားဘဲ အသက်စွန့်လွှတ်မှု၊ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင် မြောက်သည့်သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ဆောင်ရွက်မှု၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ခိုင်မာ သည့်သန္နိဋ္ဌာန်စိတ်ဓာတ်များဖြင့် တာဝန်ထမ်းဆောင်မှုတို့အတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော်လည်း တက်ညီလက်ညီစွမ်းဆောင်ခဲ့ကြသူများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း

 

Add new comment