PDF အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများအား မတရားစွပ်စွဲ၍ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး နိုင်ငံပိုင်အဆောက်အဦနှင့် ရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦများအပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ် လွယ်ကူ ချောမွေ့စေရေးတို့အတွက် အစိုးရအဆက်ဆက် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အများအသုံးပြုပြီး အချိန်ကာလကြာရှည်စွာ တည်ဆောက်ထားသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
အကြမ်းဖက်သမားများအနေဖြင့် နှစ်နိုင်ငံစီးပွားရေးအရ ကုန်သွယ်မှုပြုနေသော လမ်း၊ တံတားများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးမှုများကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း ၁၅ ခုတွင် လမ်းတံတားဖျက်ဆီးခံရမှု အကြိမ်အရေအတွက် ၇၃၂ ကြိမ် လုပ် ဆောင်ခဲ့ရာ အပြစ်မဲ့ပြည်သူအများအပြား ထိခိုက်သေကြေမှုများစွာရှိခဲ့သဖြင့် အဆိုပါ အကြမ်းဖက်မှု လုပ်ရပ်များအပေါ် ပြည်သူလူထုမှ လုံးဝဆန့်ကျင်ရှုတ်ချလျက်ရှိပါသည်။
PDF အကြမ်းဖက်သမားများက ယခုကဲ့သို့ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြပါရန် သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၀-၂၀၂၂)
- အကြမ်းဖက်သမားများအနေဖြင့် နှစ်နိုင်ငံစီးပွားရေးအရ ကုန်သွယ်မှုပြုနေသော လမ်း၊ တံတားများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးမှုများကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပေါင်း ၁၅ ခုတွင် လမ်းတံတားဖျက်ဆီးခံရမှု အကြိမ်အရေအတွက် ၇၃၂ ကြိမ် လုပ်ဆောင်ခဲ့။
Add new comment