CRPH နှင့် NUG အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။ PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ဘဏ်များ၊ ဌာနဆိုင်ရာရုံးများနှင့် တယ်လီဖုန်းတာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်းများအပြင် အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်ဓာတ်အားတာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်းစသည့် အဖျက်အမှောင့် လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပါသည်။
အကြမ်းဖက်အဖွဲ့များ၏ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် တာဝါတိုင်များအား အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ၆၆ ကေဗွီဓာတ်အား လိုင်း ၉ လိုင်း၏ တာဝါတိုင် ၁၉ တိုင်၊ ခန့်မှန်းတန်ဖိုး ( ၂၅.၉ ကျပ်သန်း)နှင့် ၂၃၀ ကေဗွီနှင့် ၁၃၂ ကေဗွီ လျှပ်စစ် ဓာတ်အားလိုင်း ၆ လိုင်းတို့၏ တာဝန်တိုင် ၄၅ တိုင်နှင့် ခန့်မှန်းတန်ဖိုး (၄,၀၃၄.၇၁၅ ကျပ်သန်း)တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်မီးရရှိရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် PDF အကြမ်းဖက်သမားများက ယခုကဲ့သို့ တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အဆိုပါအကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ ကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် သတင်းထုတ်ပြန်ထားကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၀-၂၀၂၂)
- အကြမ်းဖက်အဖွဲ့များ၏ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် တာဝါတိုင်များအား အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ၆၆ ကေဗွီဓာတ်အားလိုင်း ၉ လိုင်း၏ တာဝါတိုင် ၁၉ တိုင်၊ ခန့်မှန်းတန်ဖိုး (၂၅.၉ ကျပ်သန်း)နှင့် ၂၃၀ ကေဗွီ နှင့် ၁၃၂ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ၆ လိုင်းတို့၏ တာဝန်တိုင် ၄၅ တိုင်နှင့် ခန့်မှန်းတန်ဖိုး (၄,၀၃၄.၇၁၅ ကျပ်သန်း)တို့ ပျက်စီးဆုံးရှုံးခဲ့။
Add new comment