မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံအစိုးရအချင်းချင်းသဘောတူညီမှုအရ မြန်မာ့တန်းမြင့် ဆန်တန်ချိန် ၂၁၀၀၀ ကျော် စတင်တင်ပို့

      မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံအစိုးရအချင်းချင်းသဘောတူညီမှုအရ ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေသော MV VTC Ocean သင်္ဘောဖြင့် မြန်မာ့တန်းမြင့် ဆန်တန်ချိန် ၂၁,၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

     ယခုနှစ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဦးစီးဌာနတို့အကြား တန်းမြင့်ဆန် ၅ ရာခိုင်နှုန်း တန်ချိန် ၂၅၀,၀၀၀ စာချုပ်ချုပ်ထားပြီးဖြစ်ကြောင်းနှင့် ယခု MV VTC Ocean သင်္ဘောဖြင့်တင်ပို့မှုသည် အဆိုပါစာချုပ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၀-၂၀၂၂)

  • မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီမှုအရ မြန်မာ့တန်းမြင့် ဆန်တန်ချိန် ၂၁,၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင်တင်ပို့လျက်ရှိ။
  • ယခုနှစ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဦးစီ ဌာနတို့အကြား တန်းမြင့်ဆန် ၅ ရာခိုင်နှုန်း တန်ချိန် ၂၅၀,၀၀၀ စာချုပ် ချုပ်ထားပြီးဖြစ်။

 

 

Add new comment