CDF အမည်ခံအကြမ်းဖက်အဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော ဟားခါးမြို့ နှင့် ထန်တလန်မြို့အကြားရှိ သီးမြစ်ချောင်းကူးတံတား ပြန်လည်ပြုပြင်ပြီးစီး

       ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် CDF အမည်ခံအကြမ်းဖက်အဖွဲ့များ သည် ဟားခါးမြို့နှင့် ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် ဟားခါးမြို့၏အနောက် ဘက် ၇ မိုင် ခန့်အကွာ အရှည် ၇၀ ပေ၊ အကျယ် ၃၀ ပေရှိ သံကူကွန်ကရစ်အမျိုးအစား သီးမြစ်ချောင်းကူးတံတားအား ဒေသန္တရလက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားကြမ်းခင်းများ ကျိုးကျပေါက်ပြဲ ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ခြင်းမရှိသဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါ သည်။

    အဆိုပါ CDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးခဲ့သည့် သီးမြစ် ချောင်းကူးတံတားအား ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် နယ်မြေခံတပ်မတော်သားများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာအဖွဲ့များက ချင်းပြည်နယ် တံတားအထူးအဖွဲ့(၁)မှ အင်ဂျင်နီယာများနှင့်အတူ ဘေလီဘောင် တစ်လွှာတပ်ဆင်ခြင်း၊ တံတားယက်မ တပ် ဆင်ခြင်း၊ ချုပ်တန်းတပ်ဆင်ခြင်း၊ အခင်းခင်းခြင်း၊ ချဉ်းကပ်လမ်းဖောက်လုပ်ခြင်း စသည့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများအားဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး ယခုအခါ မော် တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာလျက်ရှိကြောင်းနှင့် လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လျက်ရှိပါသည်။

  အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်းမကြီးများနှင့် တံတားများ အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည့် CDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းဖော် ထုတ်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၀-၂၀၂၂)

  • CDF အမည်ခံအကြမ်းဖက်အဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော ဟားခါး မြို့နှင့် ထန်တလန်မြို့အကြားရှိ သီးမြစ်ချောင်းကူးတံတားအား နယ်မြေခံစစ် မြေပြင်အင်ဂျင်နီယာအဖွဲ့များက ချင်းပြည်နယ် တံတားအထူးအဖွဲ့(၁)မှ အင်ဂျင် နီယာများနှင့်အတူ ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာလျက်ရှိကြောင်းနှင့် လမ်းပန်းဆက် သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လျက်ရှိ။

Add new comment