ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါသည်-
- စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၁၆၈. ၈၆ ကီလို၊ ဘိန်းဖြူ ၁၀၉.၄၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၈၀,၀၀၁ ပြား၊ အိုက်စ် ၆၄.၇၁ ကီလို၊ ဆေးခြောက် ၆၃.၈၉ ကီလို၊ ဆေးခြောက်ပင် ၃ ပင်၊ ဘိန်းဆီခဲ ၀.၀၁ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၀၀ ကီလို၊ ဘိန်းစာရွက် ၁၄၈.၂၂ ကီလို၊ ဘိန်းစာမှုန့် ၄၀.၁၂ ကီလို၊ ဘိန်းစာရည် ၂၁.၂၅ လီတာ၊ အက်တက်စီဆေးပြား ၁,၁၄၄ ပြား၊ ကတ်တမင်း ၂၂.၇၃ ကီလို၊ Happy Water ၄.၃၄ ကီလို၊ ကဖင်း ၅၀ ကီလို၊ အမိုနီယမ်နိုက်ထရိတ် ၁၁၅,၅၂၅ ကီလို၊ ammonium carbonate ၄၀၀ ကီလို၊ အနံ့ဆေးရည် ၁၁၂.၉ လီတာနှင့် အနီရောင်အမှုန့် ၁၆၀.၇ ကီလို၊ စုစုပေါင်း တန်ဖိုးငွေကျပ်သန်းပေါင်း ၁၂,၁၆၁.၃၂ (US$ ၅.၇၉၁ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၉၀ ဦး၊ အမျိုးသမီး ၉၀ ဦး၊ စုစုပေါင်းတရားခံ ၇၈၀ ဦးဖမ်းဆီး ရမိခဲ့ပါသည်။
အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၀-၂၀၂၂)
- စက်တင်ဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၁၂,၁၆၁.၃၂ (US$ ၅.၇၉၁ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၇၈၀ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment