ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် စက်သုံးဆီများ ပုံမှန်တင်သွင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

      စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားများအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီတင်သင်္ဘော ၂ စီးမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၆ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန်သန်းအား ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပရီမီယံဒီဇယ်ဆီ ၄ ဒသမ ၇၆ ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်းအား တင်ဆောင်လာသော စက်သုံးဆီတင်သင်္ဘော ၂ စီးသည်လည်း ထပ်မံဆိုက်ကပ်လာမည်ဖြစ်ရာ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုအတွက် လုံလောက်စေမည်ဖြစ်ပါသည်။

   တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကုမ္ပဏီပိုင်စက်သုံးဆီအရောင်းဆိုင်များနှင့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အချိန်မီပို့ဆောင်ပေးလျက်ရှိသော်လည်း ယခင်ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြောင်စက်သုံးဆီအရောင်းဆိုင် သို့ စက်သုံးဆီပြတ်လပ်မည်ဖြစ်သောကြောင့် အရေးပေါ်စက်သုံးဆီပို့ဆောင်စဉ် မြောင်-ပရိမ္မလမ်းပိုင်းတွင် PDF အကြမ်းဖက်လက်နက်ကိုင်တစ်စုမှ အဆိုပါစက်သုံးဆီတင်ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

       PDF အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ ခရီးသွားလာမှုကို အနှောင့်အယှက်ဖြစ်စေရန် ယခုကဲ့သို့စက်သုံးဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးအစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၀-၂၀၂၂)

  • သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီတင်သင်္ဘော စီးမှ ဓာတ်ဆီ 92 Ron ဒသမ ၁၆ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ဒသမ ၈၀ ဂါလန်သန်းအား ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပရီမီယံဒီဇယ်ဆီ ၄ ဒသမ ၇၆ ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်းအား တင်ဆောင်လာသော စက်သုံးဆီတင်သင်္ဘော ၂ စီးသည်လည်း ထပ်မံဆိုက်ကပ်လာမည်ဖြစ်ရာ စက်သုံးဆီများ ပြည်တွင်းသုံးစွဲမှု လုံလောက်စေရန် ဆောင်ရွက်လျက်ရှိ။

Add new comment