ထိုင်းအလုပ်ရှင်များက MoU အလုပ်သမားမဟုတ်သည့် အခြားအလုပ်သမားများ ခေါ်ယူခန့်အပ်သည့်ဖြစ်စဉ်များ တားဆီးနိုင်ရေးဆွေးနွေး

         အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Suchart Chomklin နှင့် တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီးဦးဝင်းရှိန်က-

  • ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံလက်မှတ် (CI-Certificate of Identity) ထုတ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီး၏ တောင်းဆိုမှု အပေါ်မူတည်၍ ထိုင်းနိုင်ငံရှိ CI သက်တမ်းတိုးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများကို လာရောက်ကြည့်ရှုစစ်ဆေးနိုင်ရေး ထိုင်းအလုပ်အကိုင်ဌာနမှ ဖိတ်ကြားခြင်းကို ကျေးဇူးတင်ရှိ ပါကြောင်း။
  • ယခုခရီးစဉ်တွင် နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုများသည် အပြုသဘောဆောင်သည့် ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း။
  • ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းနိုင်ငံလုပ်ငန်းရှင်များ၏ လုပ်သားလိုအပ်ချက် မြင့်မားခဲ့မှုကို ဖြည့်တင်းရန်နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် မေလ ၁၀ ရက်မှ စက်တင်ဘာလ ၂၉ ရက်အထိ MoU အလုပ်သမားစုစုပေါင်း ၅၆,၂၃၇ ဦး စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုပြီးနောက် စာချုပ်ပယ်ဖျက်ခြင်းကိစ္စများ မဖြစ်စေရေး၊ ထိုင်းအလုပ်ရှင်များက MoU အလုပ်သမားမဟုတ်သည့် အခြားအလုပ်သမားများ ခေါ်ယူခန့်အပ်သည့် ဖြစ်စဉ်များရှိသဖြင့် အလားတူဖြစ်ရပ်များကို တားဆီးနိုင်ရေး၊ MoU စနစ်ဖြင့်စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေးဘတ် ၅၀၀ သို့ လျှော့ချသည့် အမိန့်စာအမြန်ဆုံးထုတ်ပြန်နိုင်ရေး၊ CI သက်တမ်းတိုးလုပ်ငန်းစဉ်ဆောင်ရွက်မှုသည် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၀-၂၀၂၂)

  • ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းနိုင်ငံလုပ်ငန်းရှင်များ၏ လုပ်သားလိုအပ်ချက် မြင့်မားခဲ့မှုကို ဖြည့်တင်းရန်နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိနိုင်ရန် မေလ ၁၀ ရက်မှ စက်တင်ဘာလ ၂၉ ရက်အထိ MoU အလုပ်သမားစုစုပေါင်း ၅၆,၂၃၇ ဦး စေလွှတ်ခဲ့ပြီးဖြစ်။
  • အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် စာချုပ်ပယ်ဖျက်ခြင်း ကိစ္စများမဖြစ်စေရေး၊ ထိုင်းအလုပ်ရှင်များက MoU အလုပ်သမားမဟုတ်သည့် အခြားအလုပ် သမားများ ခေါ်ယူခန့်အပ်သည့် ဖြစ်စဉ်များရှိသဖြင့် အလားတူဖြစ်ရပ်များကို တားဆီးနိုင်ရေး ဆွေးနွေးခဲ့။
  • MoU စနစ်ဖြင့်စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေးဘတ် ၅၀၀ သို့ လျှော့ချသည့် အမိန့်စာအမြန်ဆုံးထုတ်ပြန်နိုင်ရေး၊ CI သက်တမ်းတိုးလုပ်ငန်းစဉ်ဆောင်ရွက်မှုသည် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့။

 

 

Add new comment