ယာယီရပ်နားထားသည့် Yangon Water Bus ပြန်လည်ပြေးဆွဲလျက်ရှိ

          ရန်ကုန်မြစ်အတွင်း Yangon Water Bus ပြေးဆွဲခြင်းကို ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ယာယီရပ်နားထားရာမှ အောက်တိုဘာလ ၆ ရက်တွင် လူအများဆုံးစီးသည့်နေရာများ၊ အထူးသဖြင့် ဝန်ထမ်းအများဆုံးသွားလာသော ဆာဖာချောင်မှ လမ်းသစ်၊ လမ်းသစ်မှ ဆိပ်ကြီးခနောင်တိုဘက်ကို တိုးချဲ့ပြေးဆွဲလျက်ရှိပြီး နောက်ပိုင်းတွင် ဗိုလ်တစ်ထောင်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့အနီးရှိ နေရာ ၅ နေရာထိ ပြေးဆွဲဖို့ စီစဉ်လျက်ရှိပါသည်။

         Yangon Water Bus ပြန်လည်ပြေးဆွဲရာတွင် ရေယာဉ် ၂ စင်းဖြင့် ပြေးဆွဲလျက် ရှိပြီး ယာဉ်စီးခနှုန်းထားကို တစ်ဦးလျှင် ငွေကျပ် ၅၀၀ နှုန်း သတ်မှတ်ထားပါသည်။ ကျောင်းသားများနှင့် ဝန်ထမ်းများ သွားလာရအဆင်ပြေစေရန်အတွက် နံနက် ၆ နာရီ ခွဲမှ ည ၉ နာရီခွဲနောက်ပိုင်းအထိ အချိန်များသတ်မှတ်ပြီး ပြေးဆွဲလျက်ရှိပါသည်။ ထို့အပြင် ညနေပိုင်းများတွင် Sunset ကြည့်ရှု သည့်ခရီးစဉ်နှင့် စနေ၊ တနင်္ဂနွေနေ့များတွင် တွံတေးခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိပါသည်။

          Sunset ကြည့်ရှုသည့် ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၅,၀၀၀ ကျပ်နှင့် တွံတေးခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး လူဦးရေ ၁၀၀ ကျော်သာ လက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၀-၂၀၂၂)

  • Yangon Water Bus ပြန်လည်ပြေးဆွဲရာတွင် ရေယာဉ် ၂ စင်းဖြင့် ပြေးဆွဲလျက်ရှိပြီး ယာဉ်စီးခနှုန်းထားကို တစ်ဦးလျှင် ငွေကျပ် ၅၀၀ နှုန်း သတ်မှတ်ထား။
  • ကျောင်းသားများနှင့် ဝန်ထမ်းများ သွားလာရအဆင်ပြေစေရန်အတွက် နံနက် ၆ နာရီခွဲမှ ည ၉ နာရီခွဲနောက်ပိုင်းအထိ အချိန်များ သတ်မှတ်ပြီး ပြေးဆွဲလျက်ရှိ။

Add new comment