နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

         အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၅ ရက်တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သော သမိုင်းဝင်နာဂစ်မုန်တိုင်းအပြင် နိုင်ငံအနှံ့အပြားရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို/ လာနီညာကဲ့သို့ အပူချိန်လွန်ကဲမှုနှင့် အအေးလှိုင်းဖြတ်သန်းခံရခြင်းအစရှိသည့် ပြင်းထန်သော မိုးလေဝသဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ ခံစားလာနေရမှုနှင့် လူမှုစီးပွားပျက်စီးဆုံးရှုံးရမှုများလည်း ကြုံတွေ့ဆဲ၊ ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း။

  • သို့ဖြစ်၍ မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံ ခန့်ခွဲရန်လိုအပ်ကြောင်း။

  • မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ ခုနှစ်တွင် သဘာဝအရင်းအမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံးရရှိစေရေးအတွက် မြေယာစီမံခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သည့် စီမံခန့်ခွဲမှုတို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖော်ပြထားကြောင်း။

  • ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ Agenda 2030 ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်းပါလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ရေရှည်တည်တံ့ရန် စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရေးသည် အထူးလိုအပ်လျက်ရှိကြောင်း။

  • အမျိုးသားမြေအသုံးချမှုမူဝါဒ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည် မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်မှုဟုဆိုနိုင်သော်လည်း စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း။

  • အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ်အစည်းအဝေးတွင် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးကိစ္စရပ်နှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက် ၈ ချက်ချမှတ်ခဲ့ကြောင်း။

  • အမျိုးသားမြေအသုံးချမှုကောင်စီလုပ်ငန်းတာဝန်များ အောင်မြင်စွာ  ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ကြိုးပမ်းထမ်းဆောင်မှသာ မြန်မာနိုင်ငံ၏ အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော်နိုင်ရေး ကောင်းမွန်သည့် မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားမြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၀-၂၀၂၂)

  • မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သော သမိုင်းဝင်နာဂစ်မုန်တိုင်းအပြင် နိုင်ငံအနှံ့အပြားရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို/ လာနီညာကဲ့သို့ အပူချိန်လွန်ကဲမှုနှင့် အအေးလှိုင်းဖြတ်သန်းခံရခြင်း အစရှိသည့် ပြင်းထန်သော မိုးလေဝသဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ ခံစားလာနေရမှုနှင့် လူမှုစီးပွားပျက်စီးဆုံးရှုံးရမှုများလည်း ကြုံတွေ့ဆဲ၊ ကြုံတွေ့လတ္တံ့ ဖြစ်။

  • အမျိုးသားမြေအသုံးချမှုမူဝါဒ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်မှုဟုဆိုနိုင်သော်လည်း စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်။

Add new comment