ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သဘာဝမြေသြဇာစက်ရုံတည်ဆောက်ခြင်းနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ အောက်တိုဘာလ ၅ ရက်တွင် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ် ကွက်၊ တင်းတိပ်ကွင်းတွင်တည်ရှိသည့် “ပြည်ကျော်အောင်ဌေး” သဘာဝမြေသြဇာစက်ရုံ ရှင်းလင်းဆောင်၌ ကျင်းပသော သဘာဝမြေသြဇာစက်ရုံတည်ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ငါး မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းသို့ တက်ရောက်ခဲ့ပါသည်။

     ကုမ္ပဏီမှ တာဝန်ရှိသူက သဘာဝမြေသြဇာစက်ရုံတည်ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ငါးမွေးမြူရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပြည် ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သဘာဝမြေသြဇာအိတ်များကို တောင်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ရေးပြပွဲနှင့် မျိုးစေ့၊ သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး နေကြာမျိုးစေ့ များ၊ ဂျုံသီးနှံမျိုးစေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၀-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သဘာဝမြေသြဇာစက်ရုံတည်ဆောက်ခြင်းနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့။
  • အခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သဘာဝမြေသြဇာအိတ်များကို တောင်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နေကြာမျိုးစေ့များ၊ ဂျုံသီးနှံမျိုးစေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment