နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၅ ရက်တွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ပြည်တပ်နယ်ရှိ နဝဒေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူဆောင်ရွက်နေရသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအရဆူပူမှုများ၊ အကြမ်း ဖက်မှုများကို ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း။
- ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် အကြပ်အတည်းများရှိခဲ့ကြောင်း၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကိုလည်း အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း၍ အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း။
- ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးသည်တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
- EAO များ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဟူ၍ နှစ်မျိုးရှိပြီး PDF အကြမ်းဖက်တိုက်ခိုက်သူများသည် ပြည်သူများကြားမှ ပြည်သူများကို အကာအကွယ်ယူ၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် တပ်မတော်သားများနှင့် ပြည်သူများ တစ်သားတည်းဖြစ်အောင် ဆောင်ရွက်၍ အကြမ်းဖက်မှုများကို နှိမ်နင်းရန်လိုကြောင်း။
- ၂၀၁၁-၂၀၂၀ ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်နှင့်ပြည်သူများအကြား တိုးတက်လာသည့် ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ မသမာသူများက အချင်းချင်းသွေးကွဲစေရေးအတွက် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့သဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲမှုကာလတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း။
- တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကိုဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တပ်မတော်သားများအနေဖြင့် သင်ကြားပေးထားသည့် ကာကွယ်ရေးပညာရပ်များကို အမြဲမပြတ်ပြန်လည်လေ့လာ၊ လေ့ကျင့်နေရမည်ဖြစ်သလို ကျန်းမာ ကြံ့ခိုင်မှုရှိစေရန်အတွက်လည်း အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း။
- တပ်မတော်သားများအနေဖြင့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်ကြရန်လိုပြီး တပ်မတော်သားများစည်းကမ်းကောင်းမွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း။
- ယခုအချိန်တွင် ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လျက်ရှိသဖြင့် နေထိုင်သွားလာစားသောက်မှုများကို ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်ပြီး ရာသီဥတုနှင့် ညီညွတ်မျှတသည့် နေထိုင်မှုများ ရှိရန်လိုကြောင်း။
- ပညာရေးနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် ဗဟုသုတရစေသည့် စာပေများကို ဖတ်ရှုလေ့လာရန်နှင့် မိသားစုဝင်များကိုလည်း ပညာရည်မြင့်မားအောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- တပ်ရင်း/ တပ်ဖွဲ့များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုသကဲ့သို့ တစ်ဦးချင်းအလိုက်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း။
- တပ်မတော်မှ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ၏ငွေကြေးပြဿနာများ ဖြစ်ပေါ်စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုများရှိသဖြင့် စက်သုံးဆီ၊ စားသုံးဆီနှင့် ကုန်ဈေးနှုန်းများကျဆင်းစေရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- တပ်မတော်သားများအားလုံးအနေဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်ချိန်တွင် တစ်ဦးချင်းလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် တာဝန်ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း။
- စစ်သည်တစ်ဦးချင်းအလိုက် စည်းကမ်းကောင်းမွန်ပြီး မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်မည်ဆိုပါက တပ်မတော်သည် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်အဖြစ်တည်ရှိနေမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် သုတရသစာအုပ်စာစောင်များကိုပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၀-၂၀၂၂)
- PDF အကြမ်းဖက်တိုက်ခိုက်သူများသည် ပြည်သူများကြားမှ ပြည်သူများကို အကာအကွယ်ယူ၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် တပ်မတော်သားများနှင့် ပြည်သူများ တစ်သားတည်းဖြစ်အောင် ဆောင်ရွက်၍ အကြမ်းဖက်မှုများကို နှိမ်နင်းရန်လို။
- ၂၀၁၁-၂၀၂၀ ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်နှင့်ပြည်သူများအကြား တိုးတက်လာသည့်ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ မသမာသူများက အချင်းချင်းသွေးကွဲစေရေးအတွက် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့သဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံရေး ပြောင်းလဲမှုကာလတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်။
- တပ်မတော်သားများအနေဖြင့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်ကြရန်လိုပြီး တပ်မတော်သားများ စည်းကမ်းကောင်းမွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်နေရန်လို။
- တပ်ရင်း/တပ်ဖွဲ့များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုသကဲ့သို့ တစ်ဦးချင်းအလိုက်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လို။
- စစ်သည်တစ်ဦးချင်းအလိုက် စည်းကမ်းကောင်းမွန်ပြီး မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်မည်ဆိုပါက တပ်မတော်သည် စွမ်းရည်၊ စွမ်းအားရှိသည့်တပ်မတော်တစ်ရပ်အဖြစ် တည်ရှိနေမည်ဖြစ်။
Add new comment