ကျောက်ကြီးတပ်နယ်၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူး မျိုးမင်းထွန်းသည် ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် တာဝန်ကျရာစခန်းမှ အကြောင်းမဲ့ လက်နက်မဲ့ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ မတ်လ ၂၀ ရက်မှစတင်၍ NUG ၊ CRPH အကြမ်းဖက်အဖွဲ့၏စေခိုင်း ချက်အရ တပ်မတော်ဆိုင်ရာကိစ္စရပ်များနှင့် တပ်တွင်းစည်းလုံးမှုပျက်ပြားစေနိုင်သော အကြောင်းအရာများကို လုပ်ကြံဖန်တီးထားသည့် ပြောဆိုချက်များအား လူမှုကွန်ရက်များတွင် ထုတ်လွှင့်ခဲ့ပြီးနောက် အဆိုပါအရာရှိသည် CDM ပြုလုပ်စဉ် တွန်းအားပေးစေခိုင်းခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် လူနေမှုဘဝလုံခြုံမှုမရှိခြင်းတို့ကြောင့် အမြင်မှန်ရရှိကာ ၎င်းကျူးလွန်ခဲ့သောပြစ်မှုများအတွက် တပ်မတော်နှင့် နိုင်ငံတော်ကပေးအပ်သော ပြစ်ဒဏ်ကိုခံယူမည်ဟု ဆုံးဖြတ်၍ တပ်မတော်သို့ ပြန်လည်ဆက်သွယ်ကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပါသည်။
အဆိုပါအရာရှိ၏ ပြောကြားချက်မှ ကောက်နုတ်ချက်များမှာ-
- ၎င်းသည် ယာယီတပ်ရင်းမှူး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တပ်ရင်းရန်ပုံငွေများကို တရားမဝင်သုံးစွဲခဲ့သည့်အတွက် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေချိန် လူမှုကွန်ရက်များပေါ်တွင် တပ်မတော်သားတွေအနေဖြင့် CDM ပြုလုပ်လျှင် ဩစတြေးလျနိုင်ငံသို့ သွားရောက်ခွင့်ရမည်ဟု NUG ၏ စည်းရုံးမှုများကြောင့် CDM ပြုလုပ်ရန် စဉ်းစားခဲ့ကြောင်း။
- “ဖာပွန်မြို့နယ်သို့ စစ်ဆင်ရေးတာဝန်ဖြင့် ရောက်ရှိချိန်တွင် ညီသုတနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ၎င်းမှ CDM ပြုလုပ်ပြီးလျှင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် တတိယနိုင်ငံဖြစ်သည့် ဩစတြေးလျနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးခဲ့သဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် CDM ပြုလုပ်ခဲ့ကြောင်း။
- ထို့နောက် ထိုင်းနိုင်ငံ၊ မဲလမတ်မြို့နယ်မှတစ်ဆင့် မဲဆောက်မြို့၊ ကတ်ပိဘန်းရပ်ကွက်၊ ဆာမူးထော်အမည်ရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းသို့ ရောက်ရှိခဲ့ပြီး အဆိုပါကျောင်း၌ နေထိုင်စဉ် Media နှင့်တွေ့ဆုံရန် တွန်းအားပေးစေခိုင်းမှုကြောင့် “ပြည်သူ့ပန်းတိုင်” Facebook page မှ CDM ပြုလုပ်ထားသည့် ညီသုတနှင့် ချိတ်ဆက်၍ ၎င်းတို့အဓိကဆွေးနွေးဖြေကြားစေလိုသည့် တပ်တွင်းစည်းလုံးညီညွတ်ရေးပျက်ပြားစေမည့် အချက်အလက်များအား ဆွေးနွေးခဲ့ကြောင်း။
- ၎င်းအနေဖြင့် CDM ပြုလုပ်လျှင် တတိယနိုင်ငံသို့ သွားရောက်နေထိုင်နိုင်မည်ဟု ထင်ခဲ့သော်လည်း ပြောသည့်အတိုင်း ပို့ဆောင်ပေးခြင်းမရှိခဲ့သည့်အပြင် သာမန်ရွှေ့ပြောင်းအလုပ်သမားသဘောမျိုးသာ ဆက်ဆံခံခဲ့ရကြောင်း။
- “UNHCR အကူအညီဖြင့် ဩစတြေးလျနိုင်ငံအပါအဝင် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးမည်ဆိုသည့် ဝါဒဖြန့်မှုများသည် လိမ်ညာလုပ်ကြံ၍ ထုတ်လွှင့်မှု၊ မက်လုံးပေးစည်းရုံးမှုများသာ ဖြစ်ကြောင်း။
- ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် CDM တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဘက်ဌာဆိုင်ရာဝန်ထမ်းများ၏ နေ့စဉ်ကြုံတွေ့နေရသည့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ၊ နေ့စဉ်စားဝတ်နေရေးခက်ခဲမှုများ၊ NUG အကြမ်းဖက်အဖွဲ့အတွက် အသုံးမဝင်သည့် ဝန်ထမ်းများအား လျစ်လျူရှုထားသည့်အတွက် အနာဂတ်ပျောက်ဆုံးပြီး နိုင်ငံမဲ့သူအဖြစ် ကြုံတွေ့နေရမှုများကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရကြောင်း။
- CDM ပြုလုပ်ခဲ့သည့်ကာလအတွင်း တပ်မတော်စခန်းများကို တိုက်ခိုက်ရန် အကြိမ်ကြိမ်ဖိအားပေးခဲ့ကြောင်း။
- “တပ်မတော်သား အရာရှိ/စစ်သည်များအနေဖြင့် ဆိုရှယ်မီဒီယာများပေါ်တွင် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ မက်လုံးပေးစည်းရုံးမှုများကို နားယောင်ပြီး စစ်ပြေးမှုကို ကျူးလွန်မည်ဆိုလျှင် အကြမ်းဖက် NUG ၏ အထောက်အပံ့နှင့် မှီခို ရှင်သန် နေရမည်ဖြစ်ပြီး ၎င်းတို့အလိုကျ ဆိုရှယ်မီဒီယာပေါ်တွင် လိမ်လည်ပြောဆိုခြင်းများ၊ ၎င်းတို့ခိုင်းသည့်အတိုင်း အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်လုပ်ကိုင်ပေးရခြင်းများကို မလွဲမသွေ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။
- ၎င်းအနေဖြင့် ဩစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်သားများ၊ ရဲဝန်ထမ်းများ၊ အရပ်သားဝန်ထမ်း၊ CDM သမားများ တစ်ဦးတစ်ယောက်မှ ရောက်နေသည်ဟု မကြားမိကြောင်း။
- မိမိကဲ့သို့ တပ်ရင်းမှူးအဆင့် ဘွဲ့ရတစ်ဦးတောင် ဩစတြေးလျသို့ မရောက်ဘူးဆိုလျှင် ကျန်သည့်အခြားအဆင့်စစ်သည်များကို ဩစတြေးလျသို့သွားရန် ဆောင်ရွက်ပေးမည်ဆိုသည်မှာ လုံးဝဖြစ်နိုင်စရာအကြောင်း မရှိကြောင်းပြောကြားခဲ့။
- ၎င်းသည် တပ်တစ်တပ်ကို ဦးစီး ဦးဆောင်ပြုရသည့် အရာရှိတစ်ဦးဖြစ်သည့်အလျောက် တာဝန်ပေါ့လျော့ခြင်း၊ တပ်ရန်ပုံငွေများအား တရားမဝင်သုံးစွဲခြင်း၊ ခွင့်မဲ့ဖြင့် CDM ပြုလုပ်ခဲ့ခြင်းနှင့် NUG အဖွဲ့၏ ခိုင်းစေချက်ဖြင့် လိမ်ညာပြောဆိုခဲ့ခြင်းတို့ အတွက် ကြီးလေးတဲ့ပြစ်ဒဏ်ကို ချမှတ်ခံရမည်ဟုသိသော်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပကတိအခြေအနေမှန်များအရ အသိတရားရခဲ့သဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့်အပြစ် ကို ကြည်ဖြူစွာခံယူမည်ဟု ဆုံးဖြတ်ခဲ့ပြီး ယခုကဲ့သို့ တရားဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၀-၂၀၂၂)
- ဗိုလ်မှူး မျိုးမင်းထွန်းသည် ယာယီတပ်ရင်းမှူး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တပ်ရင်းရန်ပုံငွေများကို တရားမဝင်သုံးစွဲခဲ့သည့်အတွက် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေချိန် လူမှုကွန်ရက်များပေါ်တွင် တပ်မတော်သားတွေအနေဖြင့် CDM ပြုလုပ်လျှင် ဩစတြေးလျနိုင်ငံသို့ သွားရောက်ခွင့်ရမည်ဟု NUG ၏ စည်းရုံးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် CDM ပြုလုပ်ခဲ့။
- CDM ပြုလုပ်လျှင် တတိယနိုင်ငံသို့ သွားရောက်နေထိုင်နိုင်မည်ဟု ထင်ခဲ့သော်လည်း ပြောသည့်အတိုင်း ပို့ဆောင်ပေးခြင်းမရှိခဲ့သည့်အပြင် သာမန်ရွှေ့ပြောင်းအလုပ်သမားသဘောမျိုးသာ ဆက်ဆံခံခဲ့ရ။
- “UNHCR အကူအညီဖြင့် ဩစတြေးလျနိုင်ငံအပါအဝင် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးမည်ဆိုသည့် ဝါဒဖြန့်မှုများသည် လိမ်ညာလုပ်ကြံ၍ ထုတ်လွှင့်မှု၊ မက်လုံးပေးစည်းရုံးမှုများသာဖြစ်။
- ၎င်း၏လုပ်ရပ်များအတွက် ကြီးလေးတဲ့ပြစ်ဒဏ်ကို ချမှတ်ခံရမည်ဟုသိသော်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပကတိအခြေအနေမှန်များအရ အသိတရားရခဲ့သဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့်အပြစ်ကို ကြည်ဖြူစွာခံယူမည်ဟု ဆုံးဖြတ်ခဲ့။
Add new comment