နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာလ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ရာ စေတီတော်ကြီးရှိ နှီးဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ သမိုင်းပြတိုက် အတွင်းရှိ သမိုင်းမှတ်တမ်းများအား စနစ်တကျထိန်းသိမ်းရန်၊ ပြတိုက်အားပြန်လည် မွမ်းမံရန်နှင့် ရှေးဟောင်းလက်ရာများအား ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာမပြတ် ပြုပြင်ထိန်းသိမ်းသွားရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁၀-၂၀၂၂)
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး သမိုင်းပြတိုက်အတွင်းရှိ သမိုင်းမှတ်တမ်းများအား စနစ်တကျထိန်းသိမ်းရန်၊ ပြတိုက်အားပြန်လည်မွမ်းမံရန်နှင့် ရှေးဟောင်းလက်ရာများအား ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာမပြတ် ပြုပြင်ထိန်းသိမ်းသွားရန် မှာကြားခဲ့။
Add new comment