PDF အကြမ်းဖက်သမားများက ကောလင်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်

      NUG နှင့် ၎င်း၏လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့ကုန်းမြို့မရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာလ ၃ ရက်၊ ညနေ ၄ နာရီခန့်တွင် PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ ကျောင်းအတွင်းရှိ နှစ်ထပ်ကံ့ကော်ဆောင်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ခေါင်မိုးနှင့် အသုံးအဆောင်ပစ္စည်းများ ထိမှန်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

      ၎င်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁၀-၂၀၂၂)

  • ကောလင်းမြို့ရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ ကျောင်းအတွင်းရှိ နှစ်ထပ်ကံ့ကော်ဆောင်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ခေါင်မိုးနှင့် အသုံးအဆောင်ပစ္စည်းများ ထိမှန်ပျက်စီးဆုံးရှုံးခဲ့။

Add new comment