(၄၃) ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်များအသင်းအုပ်ချုပ်မှုကောင်စီအစည်းအဝေး ကျင်းပ

     အာဆီယံဥပဒေပညာရှင်များအသင်း-အင်ဒိုနီးရှား(ALA-Indoneisa)က Hybrid စနစ်ဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် လက်ခံကျင်းပသည့် (၄၃) ကြိမ်မြောက်အာဆီယံဥပဒေပညာရှင်များအသင်းအုပ်ချုပ်မှုကောင်စီအစည်းအဝေးသို့ အာဆီယံ ဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌ၊ စင်ကာပူနိုင်ငံတရားသူကြီးချုပ် H.E. Sundaresh Menon နှင့် အာဆီယံဥပဒေပညာရှင်များအသင်း-အင်ဒိုနီးရှား၏ဥက္ကဋ္ဌ တရားသူကြီးချုပ် H.E. Muhammad Syarifuddin တို့၏ ဖိတ်ကြားချက်အရ အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ) ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက-

  • မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာလျက်ရှိပြီး အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ)အနေဖြင့် အသင်း၏လုပ်ဆောင်မှုများနှင့် အမျိုးမျိုးသော အစီအစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
  • ဥပဒေရေးရာဝန်ကြီးဌာနသည် အများပြည်သူများ ဥပဒေဆိုင်ရာသတင်းအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန် မြန်မာ့ဥပဒေသတင်းအချက်အလက်စနစ် Myanmar Law Information System Website (MLIS) အား တည်ထောင်ထားသည့်အပြင် ဥပဒေသင်တန်းများဖွင့်လှစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရဝန်ထမ်းများ သိသင့်သိထိုက်သော အခြားဥပဒေရေးရာအကြောင်းအရာများကို သင်ကြားပို့ချလျက်ရှိကြောင်း ပြောကြားခဲ့။

       အစည်းအဝေးတွင် (၄၂) ကြိမ်မြောက် ALA Governing Council အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ASEAN Law Institute Annual Report 2022 နှင့် Workplan 2023 တို့ကို အတည်ပြုခြင်း၊ အာဆီယံနိုင်ငံများအတွင်း အငြင်းပွားမှုဖြေရှင်းခြင်းလုပ်ငန်းစဉ် Alternative Dispute Settlement Mechanism ဆိုင်ရာကျင့်သုံးမှုများကို တင်ပြဆွေးနွေးခြင်းနှင့် အာဆီယံဥပဒေစာချုပ်စာတမ်းများအား အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များကို အာဆီယံ ဥပဒေပညာရှင်များအသင်း အဖွဲ့ဝင်များအကြား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၄-၁၀-၂၀၂၂)

  • (၄၃) ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်များအသင်းအုပ်ချုပ်မှုကောင်စီအစည်းအဝေးသို့ အာဆီယံဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌနှင့် အာဆီယံဥပဒေပညာရှင်များအသင်း-အင်ဒိုနီးရှား၏ဥက္ကဋ္ဌတို့မှ ဖိတ်ကြားချက်အရ အာဆီယံ ဥပဒေပညာရှင် များအသင်း(မြန်မာ) မှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့။
  • မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာလျက်ရှိပြီး အသင်း၏လုပ်ဆောင်မှုများနှင့် အမျိုးမျိုးသော အစီအစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ။
  • ဥပဒေရေးရာဝန်ကြီးဌာနသည် အများပြည်သူများဥပဒေဆိုင်ရာသတင်းအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန်(MLIS)အား တည်ထောင်ထားသည့်အပြင် ဥပဒေသင်တန်းများဖွင့်လှစ်၍ အခြားဥပဒေရေးရာ အကြောင်း အရာများကို သင်ကြားပို့ချလျက်ရှိ။

 

Add new comment