နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။

        မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက-

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ Quick Win ဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အတိုးနှုန်းနည်းပါးသည့် ရင်းနှီးငွေလိုအပ်မှုများ။
  •  ကုန်ကြမ်းပစ္စည်းများနှင့် စက်ပစ္စည်းများ တင်သွင်းခွင့်ရရှိရန်လိုအပ်မှုနှင့် ပြည်တွင်းထုတ်ကုန်တိုးတက်ရေးအတွက် တရားမဝင် ကုန်စည်တင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုအပ်မှုများ။
  • ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ လိုအပ်သည်များ ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ။
  • ဆန်၊ စပါး ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေးစရိတ်ချေးငွေများကို နိုင်ငံတော်အစိုးရသာမက ပုဂ္ဂလိကလုပ်ငန်းများမှလည်း ထုတ်ချေးပေးမည်ဆိုပါက ဆန်၊ စပါး ထုတ်လုပ်မှုများ ပိုမိုတိုးတက်လာမည့် အခြေအနေများ။
  • ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကုန်စည်ဒိုင်များ အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုအပ်မှု။
  • ဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ပြည်တွင်း၌ ဖူလုံစွာရရှိရေး၊ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုလျော့နည်းသည့်အတွက် လိုအပ်ချက်အရ စားသုံးဆီများ တင်သွင်းနေရမှုကြောင့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ။
  • ကိုဗစ်ကာလအတွင်း ချေးငွေရယူထားသည့် MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရမည့် ကာလအား တိုးမြှင့်သတ်မှတ်ပေးစေလိုမှုနှင့် ရင်းနှီးမြှုပ်နှံငွေများ ဆက်လက် ဆောင်ရွက်ပေးစေလိုမှုများ။
  • လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင်လိုအပ်ချက် ကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် မြေနေရာလိုအပ်ချက်များနှင့် ကျွမ်းကျင်လုပ်သားများအတွက် Training Center များ လိုအပ်လျက်ရှိမှုများ။
  •  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူမြန်ဆန်စေရေးအတွက် လိုအပ်ချက်များနှင့် အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများ။
  • တိုင်းရင်းဆေးဝါးထုတ်လုပ်မှုနှင့် အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ။
  • ရာဘာထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် ထိရောက်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်လိုအပ်မှု စသည်တို့နှင့်ပတ်သက်၍ လိုအပ်ချက်များ အသီးသီး အကြံပြုဆွေးနွေးတင်ပြခဲ့။

       သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ ခွင့်ပြုပေးထားမှုနှင့် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက်အသီးသီး ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီးနောက် တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့်ပတ်သက်၍ မြေ၊ ရေနှင့် လူစွမ်းအားအရင်းအမြစ်များ ရှိပြီးဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်ပြီး ဆီထွက်ကုန်များအနက် မြေပဲသီးနှံတစ်ခုသာလျင် အထွက်နှုန်းကောင်းမွန်၍ အခြားဆီထွက်သီးနှံများမှာ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်မပြည့်မီသည်ကို တွေ့ရကြောင်း။
  • ဆီအုန်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆီအုန်းမှ ထွက်ရှိလာသည့်ဆီများကို စားသုံးဆီသာမက စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုကြပြီး ဆီအုန်း စိုက်ပျိုးမှုကို ပြည့်ဝစွာ စိုက်ပျိုးမှုမရှိသည့်အတွက် ဆီထုတ်လုပ်မှု နည်းပါးနေ ခြင်းဖြစ်ကြောင်း။
  • ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီထုတ်လုပ်သူများအနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြ ရန်လိုအပ်မည်ဖြစ်ကြောင်း။
  • စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံ သည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ (Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးများ ထုတ်ချေးပေးထားခြင်းဖြစ်သဖြင့် အမှန်တကယ် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး ပြန်လည်ပေးဆပ်ရမည့်ကာလအတွင်း ပြည့်မီအောင် ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း။
  • နိုင်ငံတော်အနေဖြင့် ပြည်တွင်း လည်ပတ်သုံးစွဲငွေများရှိပြီးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေများကိုလည်း အတတ်နိုင်ဆုံးထုတ်ပေးသွားမည်ဖြစ်ကြောင်း။
  • MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း။
  • နေရောင်ခြည်စွမ်းအင်နှင့် လေအားတို့ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လိုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက်လိုအပ်သည့် ဒီဇယ်ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတော်အနေဖြင့် အခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ်ချက်များကို မိမိတို့ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
  • MSME လုပ်ငန်းများအတွက် မြေနေရာလိုအပ်မှုကို နိုင်ငံတော်မှ မြေနေရာများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပြီး စားရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မြေနေရာများကိုမူ ခွင့်ပြုပေး၍ ရနိုင်မည်မဟုတ်ဘဲ မြေလွတ်မြေရိုင်းများပေါ်တွင် စက်မှုလုပ်ငန်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ ခွင့်ပြုပေးလျက်ရှိကြောင်း။
  • မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း စနစ်ကျသည့်မွေးမြူမှုမှာ နည်းပါးသဖြင့် မွေးမြူရေးကုန်ကြမ်းများအားလုံး ပြည်တွင်း၌ လုံလောက်စွာရှိပြီးဖြစ်သော်လည်း အရည် အသွေးပြည့်မီရန်လိုနေသေးကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေလုံလောက်စွာ ရရှိရန်လိုအပ်သကဲ့သို့ သွင်းအားစုများဖြစ်သည့် ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရန် လိုကြောင်း။
  • ရာဘာထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ရာဘာအထွက်နှုန်းများ ကောင်းမွန်ရေးနှင့် အရည်အသွေးပြည့်မီသည့် ရာဘာကုန်ကြမ်းများ ရရှိအောင် နည်းပညာများအသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ပမှ ရာဘာတရားမဝင် တင်သွင်းမှုများကို ထိရောက်စွာ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း။
  • လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သည့် လူဦးရေသန်းခေါင်စာရင်းအရ အဆင့်မြင့်ပညာတတ်မြောက်သူဦးရေမှာ နည်းပါးနေသည်ကို တွေ့ရှိရကြောင်း။
  • လူသားအရင်းအမြစ်များ မွေးထုတ်ရေးအတွက် ပညာတတ်များပေါများရန် လိုအပ်သဖြင့် ပညာရေးကို အလေးထား အားပေးဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတော်မှ အတန်းပညာများ သင်ယူနိုင်ရေးအတွက် ကျောင်းများဖွင့်လှစ်ပေးထားပြီးဖြစ်ပြီး ကျောင်းတက်ရောက်၍ ပညာသင်ယူရန်မှာ ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများတွင် တာဝန်ရှိကြောင်း။
  • စက်မှုနှင့် စိုက်ပျိုးရေးသင်တန်းကျောင်းများကို အခြေခံပညာကျောင်းများတွင် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ပုဂ္ဂလိကအနေဖြင့်လည်း မိမိတို့ တတ်နိုင်သည့်ဘက်မှ သင်တန်းများဖွင့်လှစ်သင်ကြားပေးစေလိုကြောင်း။
  • ၂၀၂၁ ခုနှစ်အတွင်း၌ နိုင်ငံရေးအရအခက်အခဲများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး စီးပွားရေးအရ ကျဆင်းမှု ရှိစေရေး နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း။
  • အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားမှုရှိရမည်ဖြစ်ပြီး စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်၍ နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ် စေမည်ဖြစ်ကြောင်း။
  • နိုင်ငံတစ်ခုတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားများလိုအပ်ပြီး စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတည်ငြိမ်မည်ဖြစ်ကြောင်း။
  • စက်သုံးဆီ၊ စားသုံးဆီနှင့် လျှပ်စစ်စွမ်းအားရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် ငွေကြေးများချေးပေးမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၌ ကိုဗစ်- ၁၉ အခက်အခဲ၊ နိုင်ငံရေးအခက်အခဲများဖြစ်ပေါ်ခဲ့သည့်အချိန်တွင် နိုင်ငံစီးပွားရေးပျက်ယွင်းစေရန် စက်ရုံအလုပ်ရုံများ ရပ်တန့်စေရန်ဆောင်ရွက်မှု၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းများကို ခြိမ်းခြောက်ခြင်းများနှင့် အကြောက်တရားများဖြစ်ပေါ်အောင် ဆောင်ရွက်ခဲ့မှုများ ရှိကြောင်း။
  • ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ငွေကြေးကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်း၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ စတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း။
  • မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုများပြားခြင်းနှင့် ပြည်တွင်းဆီထုတ်လုပ်မှု နည်းပါးခြင်းကြောင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များပြားနေခြင်းဖြစ်သည့်အတွက် စက်သုံးဆီနှင့်ပတ်သက်၍လည်း နှစ်စဉ်တင်သွင်းအသုံးပြုနေရသဖြင့် နိုင်ငံခြား ငွေလိုအပ်ချက်များ ကန့်သတ်ချက်ဖြစ်ပေါ်လျက်ရှိကြောင်း။
  • စက်သုံးဆီများလျှော့ချနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားသုံး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များကိုအချိန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ယခင်အစိုးရသက်တမ်းတွင် ရေအားလျှပ်စစ်စီမံကိန်းများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။
  • နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားများ ထုတ်ယူနိုင်ရေးအတွက်လည်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • ပြည်ပပို့ကုန်များမှရရှိသည့် နိုင်ငံခြားငွေများဖြင့် လိုအပ်သည့် ကုန်ကြမ်းများကို ပြည်ပမှ တင်သွင်းခွင့်ပေးရန်အတွက် ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပြီး ကုန်ကြမ်းများရရှိရေးအတွက် ရင်းနှီးမြှုပ်နှံငွေများရရှိရေးကိုလည်း နိုင်ငံတော်မှ စီမံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း။
  • တိရစ္ဆာန်အစာအတွက် လိုအပ်သည့်ကုန်ကြမ်းများမှာ မြန်မာနိုင်ငံတွင် လုံလောက် စွာရှိပြီးဖြစ်၍ ပြည်တွင်းမှ ထုတ်လုပ်သည့်အစာများဖြင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းတွင် နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများမှ ရင်းနှီးမတည်ငွေများထုတ်ပေးခဲ့ပြီး နောင်နှစ်များတွင် အခြားစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ရင်းနှီးမတည်ငွေများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • ထုတ်ကုန်ပစ္စည်းများ ရောင်းချရေးနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး အမြတ်နည်းနည်းဖြင့် များများရောင်းချနိုင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိ၏မူဝါဒမှာ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းခြင်းတူပါက ပစ္စည်းပိုမို ကောင်းမွန်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံတကာနှင့် ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံအလိုက် စီးပွားရေးသံမှူးများ ခန့်အပ်ဆောင်ရွက်လျက်ရှိကြောင်း။
  • မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုထက် ဝန်ဆောင်မှုလုပ်ငန်းများသည် ပိုမိုများပြားကြောင်း၊ ထုတ်လုပ်မှုပမာဏများပြားမှသာ ဝယ်လိုအားနှင့် ရောင်းလိုအားကို မျှတစေမည်ဖြစ်ပြီး ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်မည်ဖြစ်ကြောင်း။
  • အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် အာဆီယံထက် မိမိတို့နိုင်ငံသည် နှုန်းထားအသက်သာဆုံးဖြစ်ပြီး အစိုးရအနေဖြင့် အခွန်ပေါ်တွင်မူတည်၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရခြင်းဖြစ်၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းဆွေးနွေးမှာကြားခဲ့။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှု လက်မှုထုတ်ကုန်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်များ၊ ကျောက်မျက်ရတနာထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ 

         အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၀-၂၀၂၂)

 

 

 

  • ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့်ပတ်သက်၍ မြေ၊ ရေ နှင့် လူစွမ်းအား အရင်းအမြစ်များ ရှိပြီးဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ရန်လို။
  • ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များ နှင့် ဆီထုတ်လုပ်သူများအနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြရန်လို။
  • နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံ နိုင်ရန် ငွေကြေးများထုတ်ချေးပေးထားခြင်းဖြစ်သဖြင့် အမှန်တကယ် အောင်မြင်အောင် ဆောင်ရွက်ကြစေလို။
  • MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ကြရန်လို။
  • ရာဘာအထွက်နှုန်းများ ကောင်းမွန်ရေးနှင့် အရည်အသွေးပြည့်မီသည့် ရာဘာကုန်ကြမ်း များရရှိအောင် နည်းပညာများအသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ပမှ ရာဘာ တရားမဝင် တင်သွင်းမှုများကို ထိရောက်စွာ ထိန်းချုပ်သွားမည်ဖြစ်။
  • လူသားအရင်းအမြစ်များ မွေးထုတ်ရေးအတွက် ပညာတတ်များပေါများရန်လိုအပ်သဖြင့် ပညာရေးကို အလေးထား အားပေးဆောင်ရွက်လျက်ရှိ။
  • စက်မှုနှင့် စိုက်ပျိုးရေးသင်တန်းကျောင်းများကို အခြေခံပညာကျောင်းများတွင် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ပုဂ္ဂလိကအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့် ဘက်မှ သင်တန်းများဖွင့်လှစ်သင်ကြားပေးစေလို။
  • အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားမှုရှိရမည် ဖြစ်ပြီး စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်၍ နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ် စေမည်ဖြစ်။
  • ယခင်အစိုးရသက်တမ်းတွင် ရေအားလျှပ်စစ်စီမံကိန်းများ ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။

Add new comment