မုံရွာမြို့အတွင်း PDF အကြမ်းဖက်သမားများ၏ မဆင်မခြင်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာများဖြင့်သေဆုံး

          အောက်တိုဘာလ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းတာဝန်ထမ်းဆောင်ရာတွင် နန္ဒဝန်ရပ်ကွက်အတွင်းသို့ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများက AD Van အမျိုးအစား မော်တော်ယာဉ်ပေါ်မှ လက်နက်ငယ်များဖြင့် မဆင်မခြင်ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် နန္ဒဝန်ရပ်ကွက်အတွင်းရှိ သံဃာတော် ၁ ပါးနှင့် အမျိုးသား ၁ ဦး (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

          ယခင်ကလည်း PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ ဗုံးကြဲချ ခြင်းများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး/ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အများအပြားရှိပါသည်။                                                 

          ထိုကဲ့သို့ သံဃာတော်အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးသည်အထိ နှောင့်ယှက်ပစ်ခတ်ခဲ့သော PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၀-၂၀၂၂)

  • စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အတွင်း PDF အကြမ်းဖက်သမားများ၏ လက်နက်ငယ်များဖြင့် မဆင်မခြင်ပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် အမျိုးသား ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၂ ဦးသေဆုံးခဲ့။
  • အလားတူဖြစ်စဉ်မျိုး ယခင်ကလည်း PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေး ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ ဗုံးကြဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ အချို့ သေဆုံး/ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အများအပြားရှိ။

Add new comment