၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ရန်ကုန်-နေပြည်တော်လွိုင်ကော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AMLI လေယာဉ်အမျိုးအစား ATR-72 (600) သည် ခရီးသည် ၆၃ ဦး တင်ဆောင်၍ လွိုင်ကော်လေဆိပ် သို့ ဆင်းသက်ရန် လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းနေစဉ် KNPP နှင့် PDF အကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်း ဗိုက်အားထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး ညာဘက်ပါးတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်ပါအတိုင်း ဖြေကြားထားပါသည်-
-
ကယားပြည်နယ်တွင် ယခင်ကတည်းက KNPP အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ နှင့် PDF အဖွဲ့ပေါင်းပြီး လွိုင်ကော်မြို့ထဲ၌ မငြိမ်မသက်ဖြစ်အောင်၊ တိုက်ပွဲတွေဖြစ်အောင် ဆောင်ရွက်ခဲ့မှုများရှိကြောင်း။
-
တပ်မတော်အနေဖြင့် လွိုင်ကော်နှင့် ခရီးစဉ်အဆက်မပြတ်ပြေးဆွဲနိုင်ရေး ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှုလွယ်ကူစေရေးအတွက် လေဆိပ်အနီးတစ်ဝိုက် လုံခြုံရေးယူပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း။
-
ယခုဖြစ်စဉ်တွင် KNPP နှင့် PDF အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သည့် လက်နက်ငယ်ကျည်က လေယာဉ်ဝမ်းဗိုက်ပိုင်းကို ဖောက်ထွက်ပြီး လေယာဉ်ပေါ်ရှိ ခုံအမှတ် 18-Aမှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တစ်ယောက်၏ ညာဘက်ပါးကို ထိခိုက်ခဲ့ကာ မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။
-
လေယာဉ်ထိခိုက်ခဲ့မှုရှိသော်လည်း လေယာဉ်အမှုထမ်းများ၏ ကြိုးစားဆင်းသက်မှုကြောင့် လေယာဉ်က လွိုင်ကော်လေဆိပ်၌ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး လိုအပ်သည့် ပြုပြင်မှုများပြုလုပ်ကာ လွိုင်ကော်ကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း။
-
မိမိတို့အနေဖြင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အချိန်မီသတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း နှင့် Online ပေါ်တွင် မသမာသူများက လေယာဉ်နှင့်ပတ်သက်ပြီး ကောလာဟလသတင်းမျိုးစုံထုတ်လွှင့်နေကြောင်း။
-
အကြောင်းအရင်းအနေဖြင့် ၎င်းတို့ဟာ အများပြည်သူနှင့် သက်ဆိုင်သော Public Transportation ကိစ္စတွင် အကြမ်းဖက်မှုသည် ပိုပြီးကြီးမားပြီး ရာဇဝတ်မှုကြီးမားတယ်ဆိုတာ သိရှိသည့်အတွက်ကြောင့် ဖုံးကွယ်နေခြင်း ဖြစ်ကြောင်း။
-
နိုင်ငံတကာတွင်သာမက ကမ္ဘာပေါ်အတွင် ခရီးသည်တင်လေယာဉ်၊ ခရီးသည်တင်ရထား၊ ခရီးသည်တင်ကား၊ Public Transportation နှင့်ပတ်သက်သည့် လုပ်ငန်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ပြည်သူလူထုကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း။
-
၎င်းတို့အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှု ပြုရမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှု မပြုဘဲ မျက်စိပိတ်၊ နားပိတ်ပြီး ငြင်းဆိုနေ၍ မရကြောင်း၊ ၎င်းတို့၏ အောက်ခြေ၌ရှိသည့် တပ်များ၊ ၎င်းတို့ ထိန်းကွပ်ထားပြီး အကြမ်းဖက် ပညာသင်ပေးထားသည့် PDF များက ဒါတွေလုပ်ခဲ့ မလုပ်ခဲ့ဆိုတာတွေကို စနစ်တကျ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း။
ခရီးသည်လေယာဉ်ကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးကို လိုလားသော ပြည်သူလူထုကသာမက အဖွဲ့အစည်းများအနေဖြင့် အဆိုပါကိစ္စကို ဝိုင်းဝန်းရှုတ်ချဖို့ လိုအပ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆိုးရွားကြမ်းတမ်းရက်စက်သည့် အကြမ်းဖက်လုပ်ရပ်မျိုးကို လုပ်ဆောင်နေသူများနှင့် အဖွဲ့အစည်းများအပေါ် ထိရောက်ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၀-၂၀၂၂)
-
လွိုင်ကော်လေဆိပ်ဖြစ်စဉ်တွင် KNPP နှင့် PDF အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သည့် လက်နက်ငယ်ကျည်က လေယာဉ်ဝမ်းဗိုက်ပိုင်းကို ဖောက်ထွက်ပြီး လေယာဉ်ပေါ်ရှိ ခုံအမှတ် 18-Aမှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တစ်ယောက်၏ ညာဘက်ပါးကို ထိခိုက်ခဲ့ကာ မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့။
-
မိမိတို့အနေဖြင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အချိန်မီသတင်းထုတ်ပြန်ပြီးဖြစ်။
-
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Online ပေါ်တွင် မသမာသူများက ကောလာဟလသတင်းမျိုးစုံထုတ်လွှင့်နေ။
-
အကြောင်းအရင်းအနေဖြင့် ၎င်းတို့ဟာ အများပြည်သူနှင့် သက်ဆိုင်သော Public Transportation ကိစ္စတွင် အကြမ်းဖက်မှုသည် ပိုပြီးကြီးမားပြီး ရာဇဝတ်မှုကြီးမားတယ်ဆိုတာ သိရှိသည့်အတွက်ကြောင့် ဖုံးကွယ်နေခြင်းဖြစ်။
-
နိုင်ငံတကာတွင်သာမက ကမ္ဘာပေါ်တွင် ခရီးသည်တင်လေယာဉ်၊ ခရီးသည်တင်ရထား၊ ခရီးသည်တင်ကား၊ Public Transportation နှင့်ပတ်သက်သည့် လုပ်ငန်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ပြည်သူလူထုကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်။
-
ခရီးသည်လေယာဉ်ကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးကို လိုလားသော ပြည်သူလူထုကသာမက အဖွဲ့အစည်းများအနေဖြင့် အဆိုပါကိစ္စကို ဝိုင်းဝန်းရှုတ်ချဖို့ လိုအပ်။
-
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆိုးရွားကြမ်းတမ်းရက်စက်သည့် အကြမ်းဖက်လုပ်ရပ်မျိုးကို လုပ်ဆောင်နေသူများနှင့် အဖွဲ့အစည်းများအပေါ် ထိရောက်ပြင်းထန်စွာ တုံ့ ပြန်သွားမည်ဖြစ်။
Add new comment