စက်တင်ဘာလ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မင်းကုန်းကျေးရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ ဦးရင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးသင်း၊ သားဖြစ်သူ အသက် (၅)နှစ်အရွယ် မောင်ဆန်းသစ် အောင်တို့ရှိနေစဉ် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဓားဖြင့်ခုတ်ကာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းကြောင့် ဦးရင်မောင်နှင့် ဇနီးဖြစ်သူတို့မှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက်(၅) နှစ်အရွယ် သားဖြစ်သူမှာ လက်ဖျံနှင့် လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်သမားများသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ၊ အဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား “ဒလန်” ဟုစွပ်စွဲကာ အကြောင်းမဲ့ လူမဆန်စွာ သတ်ဖြတ်ခဲ့မှုများတွင် အရွယ်မရောက်သေးသည့် အပြစ်မဲ့ကလေးသူငယ်များပါမချန် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာဖြစ်သဖြင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့၏လုပ်ရပ်များကို ဝေဖန်ပြစ်တင်ရှုတ်ချ၍ ရွံရှာမုန်းတီးလျက်ရှိပါသည်။
ထိုသို့အေးချမ်းစွာနေထိုင်သော မိသားစုအား အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် PDF အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၀-၂၀၂၂)
- မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ရှိ အေးချမ်းစွာနေထိုင်သော မိသားစု ၃ ဦးအား PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အသက် (၅)နှစ်အရွယ်ကလေးတွင် လက်ဖျံနှင့် လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့။
Add new comment