မြင်းခြံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်

      အောက်တိုဘာလ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ကျောင်းဆောင်ရှိ ပြတင်းပေါက်တံခါးများနှင့် ကျောင်းအဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

          NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအထောက်အကူပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်းများအပြင် အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများရေးသားခြင်းနှင့် ဆရာ၊ ဆရာမများထံသို့ ခြိမ်းခြောက်စာများပေးပို့ခြင်းများဖြင့် ပညာရေးကဏ္ဍအပေါ် နည်းမျိုးစုံအသုံးပြု၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။

          ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၀-၂၀၂၂)

  • မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ကျောင်းဆောင်ရှိ ပြတင်းပေါက်တံခါးများနှင့် ကျောင်းအဆောက်အဦများ ပျက်စီးခဲ့။

Add new comment