မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဖိလစ်ပိုင်နိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်၍ စက်တင်ဘာလ ၂၈ ရက်မှ ၂၉ ရက်အထိ Hybrid format ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးနောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေး ကိစ္စရပ် (၅)ရပ် အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ အဓိကတာဝန်ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ (၁၉) ကြိမ်မြောက် SEANF နှစ်ပတ်လည်အစည်းအဝေး ကျင်းပရေးဆိုင်ရာကိစ္စရပ်များအစရှိသည့် လူ့အခွင့်အရေးကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့မှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက Virtual Online Platform အသုံးပြု၍ တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ်၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ Hybrid format ဖြင့် ကျင်းပသွားရန် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ကနဦးသဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၀-၂၀၂၂)
-
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့အစည်း အဝေးကို စက်တင်ဘာလ ၂၈ ရက်မှ ၂၉ ရက်အထိ Hybrid format ဖြင့် ကျင်းပပြုလုပ်ခဲ့။
-
အစည်းအဝေးတွင် ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅)ရပ် အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ဆွေးနွေးမှုများပြုလုပ်ခဲ့။
Add new comment