NUG နှင့် PDF အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ ပြုလုပ်လျက်ရှိသည့်အပြင် သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
စက်တင်ဘာလ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်တင့်ကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာရှိ “ရွာဦး” ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရ သက်တော် (၆၀)နှစ် (ဝါတော် ၂၅ ဝါ) သည် မောင်ဖိုးလွင်(၁၈)နှစ်၊ ဦးဖိုးလွယ် (၃၀)နှစ်တို့နှင့်အတူ ဘုန်းကြီးကျောင်းအတွင်း၌ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၅ ဦးခန့် ရောက်ရှိလာပြီး ၎င်းတို့ ၃ ဦးအား ချောင်းဆုံကျေးရွာ၏ အရှေ့ဘက်တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ တောစပ်အရောက်၌ ဦးဖိုးလွယ်နှင့် မောင်ဖိုးလွယ်တို့အား ပြန်လည်စေလွှတ်ပေး၍ ဆရာတော်ဉူးသုန္ဒရအား တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် သာသနာ့အနွယ်ဝင် ချောင်းဆုံကျေးရွာ “ရွာဦး”ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၀-၂၀၂၂)
- မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ချောင်းဆုံကျေးရွာရှိ “ရွာဦး” ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရအား PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့။
Add new comment