KNPP နှင့် PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီးအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

          ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူများကို မကြာခဏချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးမှုများကို ပြုလုပ်လျက်ရှိပါသည်။ စက်တင်ဘာလ ၃၀ ရက်တွင် ခရီးစဉ်အမှတ် UB – 149 ဖြင့် ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရန် ပြုလုပ်လျက်ရှိစဉ် အမြင့်ပေ ၃၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင် ခန့်အကွာသို့အရောက် အဆိုပါအကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပါသည်။

      အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။         

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၀-၂၀၂၂)

  • KNPP နှင့် PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီးကို လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ်  ကောက်ကျစ်ယုတ်မာစွာဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်၏ဘယ်ဘက် ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင် ဒဏ်ရာရရှိခဲ့။

Add new comment