ဇန်နဝါရီလ ၂ ရက်တွင် ရှားတောမြို့နယ်၊ ရှားတော-လွိုင်ကော်သွားကားလမ်း မိုင်တိုင်အမှတ် ၃၉ ကီလိုမီတာအနီး တွင် တည်ဆောက်ထားသည့် အရှည်ပေ ၆၀ ရှိ သံကူကွန်ကရစ် တံတားအား KNPPနှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့ က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားကြမ်းခင်း အလယ်၌ ၈ ပေပတ်လည်ခန့် ပွင့်ထွက်ပျက်စီးခဲ့ပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက် ဆီးရန် ရည်ရွယ်ချက်ဖြင့် KNPPနှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့သည် ပြည်သူပိုင်အဆောက်အဦများနှင့် လမ်းတံတားများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်လုပ်များကြောင့် ပြည်သူများ၏ ခရီးသွားလာရေး၊ ဆက်သွယ်ရေးနှင့် လူမှုစီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများစွာရှိလာ၍ ၎င်းတို့လုပ်ရပ်များအား ပြည်သူများက လုံးဝဆန့်ကျင်၍ ပြစ်တင်ရှုတ်ချလျက်ရှိပါသည်။
အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တံတားပျက်စီးကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်းနှင့် အဆိုပါတံတားအား အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- KNPPနှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က ရှားတော-လွိုင်ကော်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့။
- အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တံတားပျက်စီးကာ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ၍ မရကြောင်းနှင့် အဆိုပါတံတားအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။