နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မင်းကင်းမြို့နှင့် ကလေးဝမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများတွေ့ဆုံ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၉ ရက်တွင် မင်းကင်းမြို့နှင့် ကလေးဝမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းကင်းမြို့နယ်ရှိ နယ်မြေဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့်ပတ်သတ်၍ လိုအပ်သည်များ မှာကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီးနောက် ကလေးဝမြို့ရှိ ရွှေမုဌောဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တမာဃိန္ဒအမှူးပြုသော သံဃာတော်များအား သွားရောက်ဖူးမျှော်ာ်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ကလေးဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နယ်မြေဖွံ့ဖြိုးတိုးတက်မှ အခြေအနေများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၉-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မင်းကင်းမြို့နှင့် ကလေးဝမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ မင်းကင်းမြို့နယ်နှင့် ကလေးဝမြို့နယ်ရှိ နယ်မြေဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့်ပတ်သတ်၍ လိုအပ်သည်များမှာကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီးနောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့။

Add new comment