ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းအစည်းအဝေး

          ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

         အစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၉-၂၀၂၂)

  • ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ရေး၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့။

Add new comment