၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင် ဘာလ ၂၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂) ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ရာ-
-
“ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆ ဆောင်ရွက်စို့” ဆိုသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအဟန့်အတားများကို ထည့်သွင်းစဉ်းစားပြီး ချမှတ်ထားခဲ့သည့် ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြန်လည်ကြံဆဖော်ထုတ်ကြရမည် ဖြစ်ပါကြောင်း။
-
သက်ဆိုင်ရာအစိုးရများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်းမှာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များအပြင် ခရီးသွားလုပ်ငန်းများ ရပ်တည်ရှင်သန်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း။
-
ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID–19 Economic Relief Plan) အရ နိုင်ငံတော်ဘဏ္ဍာငွေ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ သုံးစွဲရန် သတ်မှတ်ထားခဲ့ရာ ယနေ့အထိ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးခဲ့ပြီး ဖြစ်ပါကြောင်း။
-
နိုင်ငံပိုင်ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ၆ လ ရွှေ့ဆိုင်းပေးခြင်း အပြင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်း လျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာ ကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ဆောင်ရွက်ပေးခဲ့ပါကြောင်း။
-
ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများကို ဦးစားပေးအဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး နိုင်ငံတစ်ဝန်း ခရီးသွားကဏ္ဍ၌ ပါဝင်လုပ်ကိုင်သူဦးရေ ၃ သိန်းခန့်ကို ကာကွယ်ဆေးထိုးနှံပေး ခဲ့ပါကြောင်း။
-
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)” ကို ရေးဆွဲ၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
-
ယခုအခါ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားမှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် မိမိတို့မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်သည် ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်ဟု သိရှိရပါကြောင်း။
-
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ကမ္ဘာလှည့် e-Visa ကို ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်က စတင်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း။
-
ပြည်တွင်း/ပြည်ပခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့မြင်နေရပြီးလာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်း/ပြည်ပခရီးသွားလာမှု ပိုမိုတိုးတက်လာရန်မျှော်မှန်းပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။
-
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပါကြောင်း၊ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများစသည့် မတူကွဲပြားထူးခြားလှပသည့် သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့်အရာများ ဖြစ်ကြပါကြောင်း။
-
နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက နိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများသည် များစွာပြောင်းလဲသွားမည်ဖြစ်ရာ အားလုံးမှ ကဏ္ဍအသီးသီးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး စွန့်ဦးတီထွင်မှု ပြိုင်ပွဲ (Myanmar Innovative Tourism Startup Competition) တွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသအလိုက်ပြခန်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ပြသထားသည့်ပြခန်းများနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
အခမ်းအနားသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၂)
-
ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများကို ဦးစားပေးအဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး နိုင်ငံတစ်ဝန်း ခရီးသွားကဏ္ဍ၌ ပါဝင်လုပ်ကိုင်သူဦးရေ ၃ သိန်းခန့်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့။
-
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)” ကို ရေးဆွဲ၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
-
ပြည်တွင်း/ပြည်ပခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့မြင်နေရပြီးလာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်း/ ပြည်ပခရီးသွားလာမှု ပိုမိုတိုးတက်လာရန်မျှော်မှန်းပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်။
-
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်၊ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများစသည့် မတူကွဲပြားထူးခြားလှပသည့် သဘာဝ ရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အရောင်အသွေး စုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အရာများဖြစ်။
Add new comment