စက်တင်ဘာလ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်အဖွဲ့အင်အား ၁၅ ဦးခန့်က လက်လုပ်စိန်ပြောင်းဖြင့် ၂ ချက်ပစ်ခတ်ခဲ့မှုကြောင့် ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်အနီး လယ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းကျည် ၁ လုံးနှင့် မြို့မရပ်ကွက်၊ ယုဇနလမ်းရှိ ဦးမြင့်လှိုင် (၇၉)နှစ်၏ နေအိမ်ပေါ်သို့ လက်လုပ်စိန်ပြောင်းကျည် ၁ လုံး တို့ အသီးသီးကျရောက်ပေါက်ကွဲခဲ့ရာမှ ဦးမြင့်လှိုင်နှင့် ၎င်း၏သမီးဖြစ်သူ မချိုချိုဝင်း (၅၂)နှစ်၊ မြေးဖြစ်သူ မသော်ဇာမြင့် (၁၅)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မြေးဖြစ်သူမှာ ပြင်းထန်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ယခင်ကလည်း PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ ဗုံးကျဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး/ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အများအပြားရှိပါသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၂)
- စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ PDF အကြမ်းဖက်သမားက စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် မဆင်မခြင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့။
Add new comment