နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၂) ကျင်းပပြုလုပ်

         စက်တင်ဘာလ ၂၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၂) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆွေနွေးဆောင်ရွက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ကမ်းလှမ်းဖိတ်ကြားခဲ့မှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်၍ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ခဲ့မှု။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးချိန်တွင် နှစ်နိုင်ငံဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရုရှားနိုင်ငံမှ အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့မှု။
  • စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့မှုများနှင့် ရလဒ်ကောင်းများရရှိခဲ့မှု အခြေအနေများ၊ ရုရှားနိုင်ငံအတွင်း နှစ်နိုင်ငံစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် နေရာဒေသများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့မှု။
  • ရုရှားနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်နိုင်ခဲ့မှု၊ ရုရှား-မြန်မာနှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာကိစ္စရပ်များပူးပေါင်း ဆောင်ရွက်နိုင်မှုနှင့် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့။
  • နိုင်ငံစီးပွားရေးမြှင့်တင်ရေးအတွက် ယခုနှစ်စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် ပဲတီစိမ်းများကို ယခင်ကထက်အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး နွေစပါးနှင့် ပဲတီစိမ်းသည် အချိန်ကာလတစ်ခုအတွင်း အကျိုးအမြတ် ပြန်လည်ရရှိနိုင်သည့် Quick Win ဖြစ်သည့်အတွက် ဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • စိုက်ပျိုးသည့် တောင်သူများကို ငွေထုတ်ပေးခြင်းထက် စိုက်ပျိုးရန်လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ မျိုးစသည်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း။
  • တောင်သူများအနေဖြင့် စိုက်ပျိုးမည့်မြေနှင့် လုပ်အားကိုသာ စိုက်ထုတ်ရမည်ဖြစ်ပြီး စိုက်ပျိုးမြေများကိုစက်ယန္တရားများ အသုံးပြုမောင်းနှင်နိုင်သည့် ဧကကွက်များအဖြစ် ပြုပြင်ရန်လိုအပ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း။
  • ရရှိလာသည့် အကျိုးအမြတ်များမှ လာမည့်နှစ်များတွင် စိုက်ဧကများ တိုးမြှင့်၍ ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ နွေစပါး၊ မိုးစပါးနှင့် ပဲစိုက်ပျိုးမှုများတွင် ထောက်ပံ့ပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း။
  • ဝါစိုက်ပျိုးရေးလုပ်ငန်းများအတွက် လာမည့်စိုက်ပျိုးရေးရာသီတွင် ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
  • စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသည့် ကယားပြည်နယ်၊ ချင်းပြည်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများ ထုတ်ပေးထားကြောင်း။
  • အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများ ထုတ်ပေးခဲ့ကြောင်းနှင့် ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။
  • အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး တိုင်းပြည်၏အဓိကစီးပွားရေး၌ SME အခန်းကဏ္ဍ ၉၀ ရာခိုင်နှုန်း ကျော်ပါဝင်ကြောင်း။
  • SME လုပ်ငန်းတွေသည် ကုန်ကြမ်းကို အခြေခံသည့် SME များဖြစ်ရမည်ဖြစ်သလို အဆိုပါကုန်ကြမ်းများသည်လည်း ဒေသတွင်းမှာ ထွက်တဲ့ကုန်ကြမ်းများပင် ဖြစ်ရမည်ဖြစ်ကြောင်း။
  • မိမိတာဝန်ယူသည့်အချိန်မှာ ပြည်နယ်နှင့်တိုင်းအားလုံးကို စက်မှုဇုန်တွေ အကုန်လုံးလုပ်ရမည်ဟု မှာကြားထားပြီးဖြစ်၍ စက်မှုဇုန်မရှိသေးသည့် ချင်းပြည်နယ်ကို ကော်ဖီ ၊ ဝဥ၊ နွားနောက်လုပ်ငန်းသုံးခုကို အခြေခံ၍ စက်မှုလုပ်ငန်းလုပ်ရန် မှာကြားခဲ့ကြောင်း။
  • SME လုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းအားလုံး၌ မဖြစ်မနေလုပ်ရမည်ဖြစ်ပြီး ထိုမှသာ ပြည်နယ်နှင့်တိုင်းဒေသအလိုက် ဘက်ဂျက်တွေ တက်လာလိမ့်မည်ဖြစ်ကြောင်း။
  • မိမိတို့အစိုးရအနေဖြင့် SME တွေ အားပေးခြင်းသည်လည်း ဒေသအလိုက် လုပ်ငန်းများပေါ်လာပြီး ဒေသဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နိုင်စေရန်ဖြစ်ကြောင်း။
  • အစိုးရတစ်ရပ်ဆိုသည်မှာ လက်တွေ့လုပ်ဆောင်ပြရန်ဖြစ်ပြီး ဟန်ပြ တီဗီထဲပါနေရန်နှင့် သတင်းထဲပါနေရန် မဟုတ်ဘဲ တိုင်းပြည်/ ဒေသကို တိုးတက်အောင် လုပ်ပေးရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အစိုးရသည်လည်း တိုင်းပြည်တိုးတက်အောင်လုပ်ဆောင်ရမည် ဖြစ်သလို ဒေသအစိုးရကလည်း ဒေသကို တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံရေးလုပ်စားခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး လုပ်နိုင်ရန်အတွက် မတည်ငွေများ ထောက်ပံ့ပေးလိုက်ခြင်းဖြစ်ပြီး ဒေသအလိုက် စွမ်းဆောင်ရည်ပေါ် မူတည်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် မတည်ငွေများပေးပြီးဖြစ်၍ စီးပွားရေးလုပ်ဆောင်ပြကြရန် ပြည်နယ်နှင့်တိုင်းဒေသဝန်ကြီးချုပ်များ အားလုံးကိုမှာကြားလိုက်ကြောင်း။
  • မိမိတို့နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့်လုပ်ငန်းမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပင်ဖြစ်ပြီး ပြည်ပခရီးသွားများ ဝင်ရောက်ခြင်းကြောင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း။
  • ခရီးသွားကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ရာတွင်လည်း နိုင်ငံအတွင်း နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုများ ရှိရန်လိုကြောင်း။
  • နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုအတွက် နိုင်ငံရေးပါတီများကိုလည်း နိုင်ငံရေးအရ လှုံ့ဆော်မှုများပြုလုပ်ခြင်းမှလွဲ၍ ပါတီတွင်းတွေ့ဆုံမှုများအပါအဝင် အခြားအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ခြင်းကို ခွင့်ပြုပေးထားကြောင်း။
  • နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ ဆွေးနွေးမှုများကိုဆောင်ရွက်၍ ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးကဏ္ဍနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို ဆွေနွေးဆောင်ရွက်လျက်ရှိကြောင်း။
  • အလားတူ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိရေး တွေ့ဆုံဆွေးနွေးနေမှုများရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး နောင်လာမည့်လွှတ်တော်သက်တမ်းတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များကို ပေါင်းစပ်၍ လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း။
  • လုံခြုံရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်စေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုမရှိစေရေး တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
  • တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်တွေ့နယ်ပယ်၌ PDF များနှင့် ဆက်နွယ်နေသည့် EAO အဖွဲ့များတွင် ထိခိုက်မှုများ များပြားလျက်ရှိကြောင်း။
  • ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများ ရှိလာမည်ဆိုပါက လက်တွေ့ကျသည့် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်ကြောင်း။
  • ဖက်ဒရယ်အခွင့်အရေးများပေးအပ်ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးအပ်မည်ဖြစ်ပြီး ဖက်ဒရယ်စနစ်ကျင့်သုံးသည့် အခြားနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်ကြောင်း။
  • ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပထမအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မျက်ကွယ်ပြု၍မရကြောင်း။
  • ပြည်ပပရောဂများကြောင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏ တောင်းဆိုချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များပါဝင်ပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဆောင်ရွက်၍ရသည်များရှိကြောင်း။
  • ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်လိုသည်များကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်၍ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် လေးစားစွာဖြင့် ဆောင်ရွက်သည့်သိက္ခာကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။
  • လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောင် ရွက်နိုင်မည်ဖြစ်ပြီး အခြားလမ်းကြောင်းများမှ ဆောင်ရွက်၍မရကြောင်း။
  • ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန်၊ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့်အတွက် ဖက်ဒရယ်အခွင့်အရေးများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံး တစ်ပြေးညီရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကြိုတင်သဘောတူညီချက်များရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဖြစ်နိုင်သည်များကို ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း။
  • ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့ပြီး လာမည့် ပညာသင်နှစ်တွင် ခရိုင် ၅၀ ၌ စာသင်ကျောင်း ၅၀ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • နေပြည်တော် State Academy ကိုလည်း လာမည့်အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့နှင့် တန်းတူဖြစ်ရမည်ဖြစ်ကြောင်း။
  • နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းသားသမီးများကို ဦးစားပေးအနေဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နေပြည်တော် ၈ မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများကို တတိယနှစ်မှစတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး နောင် ၄ နှစ် ကြာမြင့်ချိန်တွင် တက္ကသိုလ်အနေဖြင့် အပြည့်အဝသင်ကြားပေးနိုင်သည့် တက္ကသိုလ်တစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။

       ကောင်စီအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက-

  • ကောင်စီဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ လုပ်ငန်းအောင်မြင်မှုရရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်တွန်းအားပေးဆောင်ရွက်နိုင်ရန် စနစ်တကျဖွဲ့စည်း၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပညာရေးကောလိပ်များတွင် တိုင်းရင်းသားစကားသင် ဆရာ/ဆရာမများအား သင်တန်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အား ဒီပလိုမာဘွဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း။
  • ပန်းလှိုင်မြစ်ကူးတံတား စီမံကိန်းနှင့်ပတ်သက်၍ အကြိုဆန်းစစ်လေ့လာမှုများ ဆောင်ရွက်သွားစေမည်ဖြစ်ကြောင်း။
  • သစ်ရွက်စိမ်းမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအား ညွန်ကြားထားပြီးဖြစ်ကာ အထွက်နှုန်း ကောင်းမွန်စေရေးအတွက် အခြားသောဓာတ်မြေဩဇာကိုလည်း ပေါင်းစပ်အသုံးပြုသွားရမည်ဖြစ်ကြောင်း။
  • နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း(ဗဟိုဌာန-၂)တွင် အမျိုးသားဇာတ်ရုံအဖြစ် အသုံးပြုနိုင်ရေးနှင့် ရိုးရာယဉ်ကျေးမှုပြဇာတ်များ ပြန်လည်ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း။
  • ဝန်ထမ်းများချေးငွေဆိုင်းငံ့ရေးကိစ္စအချိန် တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ် ပြီး စီးပွားရေးတိုးတက်ရေးနှင့်ငွေကြေးတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် အထူးစီးပွားရေးဇုန်များ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း။
  • တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်သူများနှင့် ဆက်နွယ်သူများက နှောက်ယှက်မှုများမပြုနိုင်စေရန် ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့် NCA ကိုအခြေခံ၍ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း။
  • ရွေးကောက်ပွဲဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်၍ အဆိုပါဥပဒေများကို စနစ်တကျ လေ့လာထားရှိရန်လိုအပ်ကြောင်း။
  • မိမိတို့အနေဖြင့် တိုင်းပြည်ကိုလမ်းမှန်ပေါ်ရောက်ပြီး အနာဂတ်နိုင်ငံတော်ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ရေးအတွက် ကောင်စီဝင်များက လေးလေးနက်နက် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့။

        အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်း ရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၂)

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးချိန်တွင် နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရုရှားနိုင်ငံမှ အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး  ဆွေးနွေးနိုင်ခဲ့မှု။
  • ရုရှားနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်နိုင်ခဲ့မှု၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့။
  • စိုက်ပျိုးသည့် တောင်သူများကို ငွေထုတ်ပေးခြင်းထက် စိုက်ပျိုးရန်လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ မျိုးစသည်များကို ပေးအပ်သွားမည်ဖြစ်။
  • ရရှိလာသည့် အကျိုးအမြတ်များမှ လာမည့်နှစ်များတွင် စိုက်ဧကများတိုးမြှင့်၍ ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ နွေစပါး၊ မိုးစပါးနှင့် ပဲစိုက်ပျိုးမှုများတွင် ထောက်ပံ့ပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ။
  • စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသည့် ကယားပြည်နယ်၊ ချင်းပြည်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများ ထုတ်ပေးထား။
  • အစိုးရတစ်ရပ်ဆိုသည်မှာ လက်တွေ့လုပ်ဆောင်ပြရန်ဖြစ်ပြီး ဟန်ပြတီဗီထဲပါနေရန်နှင့် သတင်းထဲပါနေရန်မဟုတ်ဘဲ တိုင်ဒေသကြီး/ပြည်နယ်/ ဒေသကို တိုးတက်အောင် လုပ်ပေးရမည်ဖြစ်။
  • ခရီးသွားကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ရာတွင်လည်း နိုင်ငံအတွင်း နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုများရှိရန်လို။
  • နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုအတွက် နိုင်ငံရေးပါတီများကိုလည်း နိုင်ငံရေးအရ လှုံ့ဆော်မှုများ ပြုလုပ်ခြင်းမှလွဲ၍ ပါတီတွင်းတွေ့ဆုံမှုများအပါအဝင် အခြားအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ခြင်းကို ခွင့်ပြုပေးထား။
  • နောင်လာမည့်လွှတ်တော် သက်တမ်းတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များကိုပေါင်းစပ်၍ လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်။
  • တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်။
  • လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလမ်းကြောင်းများမှ ဆောင်ရွက်၍မရ။
  • နေပြည်တော် State Academy ကိုလည်း လာမည့်အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့နှင့် တန်းတူဖြစ်ရမည်ဖြစ်။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေးကောလိပ်များတွင် တိုင်းရင်းသားစကားသင် ဆရာ/ ဆရာမများအား သင်တန်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အား ဒီပလိုမာဘွဲ့ ပေးအပ်သွားမည်ဖြစ်။
  • ဝန်ထမ်းများချေးငွေဆိုင်းငံ့ရေးကိစ္စ အချိန်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးတိုးတက်ရေးနှင့်ငွေကြေးတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်သူများနှင့် ဆက်နွယ်သူများက နှောက်ယှက်မှုများမပြုနိုင်စေရန် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်။
  • ရွေးကောက်ပွဲဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်၍ အဆိုပါဥပဒေများကို စနစ်တကျလေ့လာထားရှိရန်လို။

Add new comment