ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်ပတ်လည် Polycarbonate တပ်ဆင်လှူဒါန်းမှု လွှဲပြောင်းအပ်နှံခြင်းနှင့် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားများကျင်းပ

     ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည် ရွှေချထားသည့်နံရံများ၌ Polycarbonate တပ်ဆင်လှူဒါန်း လွှဲပြောင်းအပ်နှံပွဲအခမ်းအနား နှင့် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားများကို စက်တင်ဘာလ ၂၆ ရက်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်းနှင့် တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများတွင်-

  • တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr.Chen Hai က လှူဒါန်းမှုနှင့်ပတ်သက်၍ တရုတ်-မြန်မာနှစ်နိုင်ငံ ကြာရှည်လှသည့် ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုသည် တရုတ်-မြန်မာခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့်အနှစ်သာရဂုဏ်ရောင်ကို တိုးပွားစေကြောင်း၊ ဆံတော်တိုက်တွင် လုံခြုံရေးမှန်များ တပ်ဆင်ခြင်းဖြင့် နှစ်နိုင်ငံဗုဒ္ဓရေစက်ဓမ္မသံယောဇဉ်ကို အမွေဆက်ခံပြန့်ပွားအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့။
  • သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေးဆောင်ရွက်ကြရင်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်တည်တံ့ခိုင်ခံ့အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
  • ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများတွင် ပညာဆည်းပူးနေကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၅၅ ဦးကို ပညာရည်ချွန်ဆုချီးမြှင့်သည့် အခမ်းအနားဖြစ်ပြီး ယနေ့ပညာရည်ချွန်ဆုချီးမြှင့်မှုသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်နေသည့် ထူးချွန်လူငယ်များ မွေးထုတ်ပေးမှုကို ထောက်ပံ့အားပေးမှုဖြစ်ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲခင်မင်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့။
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ယခုပညာသင်ဆုပေးပွဲအခမ်းအနားသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာနိုင်ငံမှ ယဉ်ကျေးမှုနှင့် အနုပညာဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများကို ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ချစ်ကြည်ရေးပညာသင်ဆု” အထူးပေးအပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံယဉ်ကျေးမှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အမွေဆက်ခံရေးအတွက် အရေးပါသည့် ခွန်အားများ ဖြစ်နိုင်မည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့။

       ထို့နောက် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ယဉ်ကျေးမှုသံမှူးကြီးတို့က ဆု များ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၉-၂၀၂၂)

  • ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်ပတ်လည် Polycarbonate တပ်ဆင်လှူဒါန်း မှုလွှဲပြောင်းအပ်နှံခြင်းနှင့် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားများကို စက်တင်ဘာလ ၂၆ ရက်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်းနှင့် တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့၌ အသီးသီးကျင်းပခဲ့။

Add new comment