စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံဖယ်ဒရယ်ငါးလုပ်ငန်းအေဂျင်စီ၏ အကြီးအကဲ Mr. Ilya Shestakov ၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့ St. Petersburg Exhibition and Convention Center ၌ ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာငါးလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာရေလုပ်ငန်းကုန်စည်ပြပွဲသို့ တက်ရောက်လျက်ရှိပါသည်။
စက်တင်ဘာလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်ပြပွဲ၌-
-
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ရုရှားနိုင်ငံ Federal Fishery Agency of Russia အဖွဲ့အကြီးအကဲ Mr.Ilya Shestakov တို့က မြန်မာ- ရုရှားနှစ်နိုင်ငံအကြား ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများအပါအဝင် ရေထွက်ကုန် အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့။
-
သဘောတူစာချုပ်တွင် နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့်ဆက်စပ်သော ပင်လယ်ပြင်ငါးသယံဇာတတည်ရှိမှု အကဲဖြတ်ဆန်းစစ်ခြင်း၊ ငါးသယံဇာတထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်လယ်ပြင်၌ လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၊ ပင်လယ်ပြင်ရေသယံဇာတစီမံခန့်ခွဲမှု၊ တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေး၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူခြင်းဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ရေး၊ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခိုင်မာရေး၊ ငါးဖမ်းဆီးခြင်းလုပ်ငန်းအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးခြင်းနှင့် အခြားသောငါးလုပ်ငန်းဆိုင်ရာကဏ္ဍများ၌ အပြန်အလှန်စိတ်ဝင်စားသော နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်။
အခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ရေလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၉-၂၀၂၂)
-
စက်တင်ဘာလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်ပြပွဲ၌ မြန်မာ- ရုရှား နစ်နိုင်ငံအကြား ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့။
Add new comment