ဇန်နဝါရီလ ၃ ရက်တွင် ထိုင်းနိုင်ငံမှ အောက်ဆီဂျင်အရည် ၂၀ တန် တင်ဆောင်လာသည့် မော်တော်ယာဉ်သည် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် မြဝတီမြို့နယ်၊ အပြင်ကွင်းကလေးကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့အရောက်၌ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဇေယျနှင့် ယာဉ်နောက်လိုက်ဖြစ်သည့် ဦးအောင်ကြီးတို့တွင် လက်နက်ငယ်ကျည်ထိမှန်(စိုးရိမ်ရ)ဒဏ် ရာများအသီးသီး ရရှိခဲ့ပါသည်။
ထို့ပြင် မော်တော်ယာဉ်မှာလည်း လေကာမှန်များ ကွဲကြေပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများအား သင်္ကန်းညီနောင် လူမှု ကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် သင်္ကန်းညီနောင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိ ကြောင်း သိရှိရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်လျက်ရှိသည့်အပြင် အောက်ဆီ ဂျင်လိုအပ်မှုများကိုလည်း ပြည်တွင်းထုတ်လုပ်မှုများအပြင် ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းဖြည့်ဆည်းပေးလျက်ရှိပြီး လိုအပ်ချက်များအပေါ်မူတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ဖြူးပေးခြင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည် သူများ၏ ကျန်းမာရေးကဏ္ဍများတွင် အောက်ဆီဂျင်လိုအပ်ချက် မရှိစေရေး ဆောင်ရွက်ပေးနေသည့်အပေါ် KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိဘဲ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိပြီး ယခုကဲ့သို့ ကျန်းမာရေးကဏ္ဍအား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက် မှုများအပေါ် နိုင်ငံတကာမှလည်း ဝိုင်းဝန်းပြစ်တင်ရှုတ်ချပေးရန် လိုလားလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ထိုင်းနိုင်ငံမှ အောက်ဆီဂျင်အရည် ၂၀ တန်တင်ဆောင် လာသည့် မော်တော်ယာဉ်အား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့။
- ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဇေယျနှင့် ယာဉ်နောက်လိုက်ဖြစ်သည့် ဦးအောင်ကြီးတို့တွင် လက်နက်ငယ်ကျည်ထိမှန်(စိုးရိမ်ရ)ဒဏ်ရာများ အသီးသီးရရှိခဲ့။
- KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိဘဲ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူများက ဝိုင်းဝန်းပြစ်တင်ရှုတ်ချလျက်ရှိ။