ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေးရှိ ရွှေထည်ပစ္စည်းမျိုးစုံတို့အား PDF အကြမ်းဖက်သမားများက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်

        စက်တင်ဘာလ ၂၃ ရက်တွင် ပခုက္ကူမြို့၊ (၁)ရပ်ကွက်၊ မြို့မဈေးအနောက်ဘက် တန်ဆောင်းတန်းလမ်းရှိ “ဦးသိန်းမောင်+ဒေါ်ရင်မေ သားသမီးများ” ရတနာရွှေဆိုင်၌ ဒေါ်ရင်မေ၏ တူဖြစ်သူ ဦးအောင်နိုင်ဦး(၄၇)နှစ်ပါ ဝန်ထမ်း ၆ ဦးမှ ရွှေထည်ပစ္စည်းများ ရောင်းချနေစဉ် ဆိုင်အရှေ့သို့ PDF အကြမ်းဖက်သမား ၄ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ အကြမ်းဖက်သမား ၃ ဦးက ဦးအောင်နိုင်ဦးနှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့်ခြိမ်းခြောက်၍ ကျန်တစ်ဦးမှာ ဆိုင်အတွင်းရောင်းချရန် ခင်းကျင်းပြသထားသည့် ရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်) တို့အား လုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါသည်။

     NUG လက်အောက်ခံ PDF အကြမ်းဖက်သမားများ၏ အရပ်ဘက်ရုံးဌာနများအား ဖောက်ခွဲတိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများအပြင် ယခုကဲ့သို့ ကြီးမားသောရာဇဝတ်မှုဖြစ်သည့် ဘဏ်နှင့် ရွှေဆိုင်များအား ဓါးပြတိုက်၊ လုယက်မှုဖြစ်စဉ်များ မကြာခဏ ကျူးလွန်လာသည့်အတွက် မတရားအနိုင်ကျင့်ခံနေရသည့် ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လက်မခံနိုင်ဘဲ ဆန့်ကျင်ကန့်ကွက်လာကြောင်း သိရှိရပါ သည်။

      အထက်ပါ ဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရပါသည်။                             

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၂)

  • PDF အကြမ်းဖက်သမားများက ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် မြို့မဈေးအနောက်ဘက် တန်ဆောင်းတန်းလမ်းရှိ ဦးသိန်းမောင်+ဒေါ်ရင်မေသားသမီးများရတနာရွှေဆိုင်၏ ဆိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့်ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်) တို့အား လုယက်ယူဆောင်ကာထွက်ပြေးခဲ့။

Add new comment