NUG အဖွဲ့၏စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် “ငါနဲ့မတူ ငါ့ရန်သူ” အယူအဆဖြင့် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်နက်အားကိုး၍ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ လုပ်ဆောင်လျက်ရှိရာ-
- စက်တင်ဘာလ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ “ရင်း” ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးပုညသီရိ (၃၇)နှစ်၊ ဝါ(၁၈)ဝါသည် ကျန်းမာရေးမကောင်းသဖြင့် မုံရွာမြို့သို့ ဆေးသွားရောက်ကုသရန်အတွက် အဆိုပါကျေးရွာနေ မောင်ထက်မြတ်နိုင် (၂၀)နှစ်နှင့်အတူ ကျောင်းပိုင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က အဆိုပါ မော်တော်ယာဉ်အား တား ဆီး၍ ဆရာတော်အား “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယာဉ်မောင်းအား ပြန်လည်စေလွှတ်ပေးခဲ့။
- အလားတူ ကန့်ဘလူမြို့နယ်ရှိ ရွှေအင်းဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဥူးသောဘဏ (၅၃)နှစ်၊ ဝါတော်(၃၃)ဝါသည် ဘုန်းကြီးကျောင်းအတွင်း၌ အစ်ကိုဖြစ်သူ ဦးညိုမောင်(၇၈)နှစ်နှင့် ယာဉ်မောင်း ဦးကျော်ထွန်းဦး (၄၀) နှစ်တို့နှင့်အတူရှိနေစဉ် ကျောင်းအတွင်းသို့ PDF အကြမ်းဖက်သမား ၆၀ ဦးခန့်က ဝင်ရောက်လာပြီး ၎င်းတို့ ၃ ဦးအား “သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) ယာဉ်ပေါ် တင်ဆောင်၍ ခေါ်ဆောင်သွားခဲ့။
အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်များမှ PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင် သားသည့် သာသနာ့အနွယ်ဝင်သံဃာတော် ၂ ပါးအား ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၂)
- PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ၊ ဝက်လက်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့ရှိ ကျောင်းထိုင်ဆရာတော် ၂ ပါးနှင့်အတူ အမျိုးသား ၂ ဦးတို့အား “သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍ ၎င်းတို့၏ကျောင်းပိုင်ယာဉ်များနှင့် ဖမ်းဆီးခေါ်ဆောင်ခဲ့။
Add new comment