စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ITPGRFA)အုပ်ချုပ်ရေးအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

      အိန္ဒိယနိုင်ငံစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar ၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၉ ရက်တွင် နယူးဒေလီမြို့၌ ကျင်းပပြုလုပ်သည့် အဖွဲ့ဝင် ၁၄၉ နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်သေ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ITPGRFA) အုပ်ချုပ်ရေးအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

       အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ-

  • နှစ်နိုင်ငံ၏ နည်းပညာနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံများ၏ မျိုးစေ့ထုတ်လုပ်ငန်းတွင် အိန္ဒိယနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများ ရင်းနှီးမြုပ်နှံလိုသူများ ပါဝင်ဆောင်ရွက်နိုင်ရေး၊ သီးနှံထုတ်လုပ်ရောင်းဝယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • မြန်မာနိုင်ငံ၏ ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်လာသည့် မျိုးကောင်း၊ မျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နှစ်နိုင်ငံအကြား သုတေသနနှင့် မျိုးစေ့ထုတ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • လူး၊ ဆပ်၊ နှံစားပြောင်းသီးနှံများသည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး မိုးနည်းရေရှားဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သဖြင့် လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် သီးနှံများဖြစ်သောကြောင့် “၂၀၂၃ ခုနှစ်ကို နိုင်ငံတကာ လူး၊ ဆပ်သီးနှံနှစ်” (International Year of Millet) အဖြစ် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ နေပြည်တော်၊ ရေဆင်းရှိ Advanced Centre for Agricultural Research and Education (ACARE) တွင် စွမ်းဆောင်ရည် မြင့်မားသော လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် လယ်ယာထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် တန်ဖိုးမြင့်ကုန်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာများ ရရှိအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးခဲ့။
  • အိန္ဒိယနိုင်ငံ၏ စားသုံးသူရေးရာ၊ အစားအစာနှင့် ဖြန့်ချိရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံတင်ပို့မှုဆိုင်ရာ ကိုဒါသဘောတူစာချုပ်ကို ၂၀၂၆ ခုနှစ်အထိ လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ အနာဂတ် ပဲထုတ်လုပ်တင်ပို့မှုတွင် ပဲမျိုးများ အပြင် ပဲနီလေး၊ ပဲဝါလေး၊ ပဲရာဇာ၊ မြေထောက်ပဲများကိုလည်း တိုးမြှင့်ထုတ်လုပ်တင်ပို့သွားရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

      မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်အတူ မွန်ဘိုင်းမြို့ JW Marriot Hotel တွင် Mahyco မျိုးစေ့ထုတ်ကုမ္ပဏီ၊ Safal ကုမ္ပဏီနှင့် Metahelix ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝါသီးနှံနှင့် ဆီထွက်နေကြာသီးနှံမျိုးစေ့များ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနိုင်ရေး၊ စမ်းသပ်သုတေသနလုပ်ငန်းများဆောင်ရွက်ရေး၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ၏ မျိုးစေ့ထုတ်ကုမ္ပဏီများ ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်ရေး၊ DVC ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဆီသန့်စက်ရုံတည်ဆောက်ရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြုပ်နှံနိုင်ရေးဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့် ထပ်မံဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၂)

  • အိန္ဒိယ-မြန်မာနှစ်နိုင်ငံ၏ နည်းပညာနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံများ၏ မျိုးစေ့ထုတ်လုပ်ငန်းတွင် အိန္ဒိယနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများ ရင်းနှီးမြုပ်နှံလိုသူများ ပါဝင်ဆောင်ရွက်နိုင်ရေး၊ သီးနှံ ထုတ်လုပ်ရောင်းဝယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • လူး၊ ဆပ်၊ နှံစားပြောင်းသီးနှံများသည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး မိုးနည်းရေရှားဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သဖြင့် လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် သီးနှံများဖြစ်သောကြောင့် “၂၀၂၃ ခုနှစ်ကို နိုင်ငံတကာ လူး၊ ဆပ်သီးနှံနှစ်” (International Year of Millet) အဖြစ် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • အိန္ဒိယနိုင်ငံ၏ စားသုံးသူရေးရာ၊ အစားအစာနှင့် ဖြန့်ချိရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံ တင်ပို့မှုဆိုင်ရာ ကိုဒါသဘောတူစာချုပ်ကို ၂၀၂၆ ခုနှစ်အထိ လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ အနာဂတ် ပဲထုတ်လုပ်တင်ပို့မှုတွင် ပဲမျိုးများ အပြင် ပဲနီလေး၊ ပဲဝါလေး၊ ပဲရာဇာ၊ မြေထောက်ပဲများကိုလည်း တိုးမြှင့်ထုတ်လုပ်တင်ပို့သွားရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့။

Add new comment