ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသ၊ အင်းကြင်းမြိုင်၊ မယ်ထော်သလေးနှင့် ဖလူးကြီး ကျေးရွာတို့တွင် နေထိုင်သူ ၇၅၁ ဦး ၎င်းတို့နေရပ်သို့ ထပ်မံပြန်လည်ဝင်ရောက်

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင် နေသူများအနက်မှ ဇန်နဝါရီလ ၃ ရက်တွင် အင်ကြင်းမြိုင်၊ မယ် ထော်သလေးနှင့် ဖလူးကြီးကျေးရွာတို့တွင် နေထိုင်သူ အမျိုးသား ၃၉၆ ဦး၊ အမျိုးသမီး ၃၅၅ ဦး၊ စုစုပေါင်း ၇၅၁ ဦးတို့သည် ၎င်းတို့နေရပ်သို့ အသီးသီး ထပ်မံပြန်လည်ဝင်ရောက်လာခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှ ၂၀၂၂ခုနှစ် ဇန်နဝါရီ လ ၃ ရက်အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေး နှင့် ဖလူးကြီးကျေးရွာတို့တွင် နေထိုင်သူ အမျိုးသား ၃,၁၀၈ ဦး၊ အမျိုးသမီး ၃,၅၁၅ ဦး၊ စုစုပေါင်း ၆,၆၂၃ ဦးတို့သည် ၎င်းတို့နေရပ်သို့ အသီးသီးပြန်လည်ဝင်ရောက်လာခဲ့ပါသည်။

အဆိုပါပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင် ရာတာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် အခြားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော် သလေးနှင့် ဖလူးကြီးကျေးရွာတို့တွင် နေထိုင်သူ အမျိုးသား ၃,၁၀၈ ဦး၊ အမျိုးသမီး ၃,၅၁၅ ဦး၊ စုစုပေါင်း ၆,၆၂၃ ဦး တို့သည် ၎င်းတို့နေရပ်သို့ အသီးသီးပြန်လည်ဝင်ရောက်လာခဲ့။