(၁၆) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအာဆီယံဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

       အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင် (APSC) မူဘောင်မှ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ စက်တင်ဘာလ ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်ရဲအရာရှိကြီးများက တက်ရောက်ခဲ့ကြပါသည်။

       16th AMMTC စုံညီအစည်းအဝေးတွင် သဘာပတိအဖြစ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး H.E. Samdech Kralahorm Sar Kheng က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene က အာဆီယံဒေသတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့် ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများ၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင်ဝန်ကြီးများက နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ကြိုးပမ်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

     16th AMMTC စုံညီအစည်းအဝေးတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးမှုတိုက်ဖျက်ရေးအာဆီယံကွန်ဗင်းရှင်း (ACTIP) အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံအလိုက်ကိုယ်စားလှယ်များအတွက် လုပ်ငန်းလမ်းညွှန် (TOR)နှင့် (၁၆) ကြိမ်မြောက် AMMTC အစည်းအဝေးပူးတွဲကြေ ညာချက်အား အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

        16th AMMTC အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီးအဆင့်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ASEANAPOL၊ DGICM တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ဝန်ကြီးအဆင့် အစည်းအဝေးများကို စက်တင်ဘာလ ၂၂ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း  သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၂၂-၉-၂၀၂၂)

  • အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene က အာဆီယံဒေသတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့်ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများ၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင်ဝန်ကြီးများက နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ကြိုးပမ်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

  • အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ဝန်ကြီးအဆင့် အစည်းအဝေးများကို စက်တင်ဘာလ ၂၂ ရက်တွင် ဆက်လက် ကျင်းပပြုလုပ်မည်ဖြစ်။

Add new comment