နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် စက်တင်ဘာလ ၂၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက-
- မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည့်ကိစ္စအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း။
- ထိုကဲ့သို့ အာဆီယံ၏ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည့် ဆောင်ရွက်မှုမျိုးနှင့် ဆွေးနွေးမှုမျိုးကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ယူဆောင်လာခြင်း မပြုရန်အတွက်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်တွန်းတားမြစ်ဆောင်ရွက်ပေးပါရန် အသိပေးပြောကြားခဲ့။
ထို့ပြင် တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၉-၂၀၂၂)
- တွေ့ဆုံဆွေးနွေးပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည့်ကိစ္စအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်းနှင့် ထိုကဲ့သို့ အာဆီယံ၏ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည့်ဆောင်ရွက်မှုမျိုးနှင့် ဆွေးနွေးမှုမျိုးကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ယူဆောင်လာခြင်း မပြုရန်အတွက်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်တွန်းတားမြစ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့။
Add new comment