ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကာလအတွင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ရုရှား၊ ကိုရီးယား၊ တရုတ်၊ အာဆီယံ+၃၊ အရှေ့အာရှ (EAS)၊ ဟောင်ကောင်(တရုတ်) (HKC)၊ ကနေဒါ၊ ဂျပန်၊ အီးယူ၊ အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးများ၊ ပထမအကြိမ် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးများအစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက-
-
ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံက အခြားအာဆီယံနိုင်ငံများနည်းတူ ပါဝင်ဆောင်ရွက်မှုများ၊
-
ရှေ့ဆက်လက်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊
-
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၉-၂၀၂၂)
- အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံက အခြားအာဆီယံနိုင်ငံများနည်းတူ ပါဝင်ဆောင်ရွက်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့။
Add new comment