KNU/KNLA(PC) ၊ DKBA တပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ ထောက်ပံ့

          ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာနက ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

  • အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ KNU/ KNLA (PC)၊ DKBA တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ် ၃၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့။

  • ပြည်နယ်ဝန်ကြီးချုပ်က စားဝတ်နေရေးသည်  အရေးကြီးသည့်အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ပြည်နယ်အတွက် လိုအပ်သည့်ရင်းနှီးငွေများ ထောက်ပံ့ပေးထားကြောင်းနှင့် အတိုးနှုန်းသက်သာစွာ တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုများ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များရှိပါက အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့။

  • ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)စစ်ဦးစီးချုပ် စောစတီးတို့က ဒို့တာဝန်အရေးသုံးပါးကို ဦး ထိပ်ထားပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို အကောင်းဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့။

       အခမ်းအနားအပြီးတွင် ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)နှင့်  ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တို့မှ တာဝန်ရှိသူများသည် ဘားအံမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၉-၂၀၂၂)

  • နယ်စပ်ရေးရာဝန်ကြီးဌာနက KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ် ၃၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့။

  • နိုင်ငံတော်အနေဖြင့် ပြည်နယ်အတွက် လိုအပ်သည့်ရင်းနှီးငွေများ ထောက်ပံ့ပေးထားပြီး အတိုးနှုန်းသက်သာစွာ တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုများ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များရှိပါက အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း နှင့် ကူညီထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကသိပေးပြောကြားခဲ့။

  • KNU/ KNLA(PC) ဒုတိယဥက္ကဋ္ဌနှင့် DKBA စစ်ဦးစီးချုပ်တို့က ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့။

Add new comment