နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းခြင်းနှင့် စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် စာချဆရာတော်များ၊ ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်း၊ ပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့ လှူဒါန်းနေကြသည့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များအပ်နှင်းခြင်းနှင့် စွမ်းရည်သတ္တိနှင့် စွမ်း ဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအမိန့်များအား ၂၀၂၂ ခုနှစ်                ဇန်နဝါရီလ ၄ ရက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်          ထုတ်ပြန်ကြေညာခဲ့ပါသည်။

· ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းရာတွင် ဆရာတော် ၂၈၄ ပါး၊ သီလရှင်ဆရာတော် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၇ ဦးတို့အား လှူဒါန်းအပ်နှင်းခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၂ အရ-

· တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ သူရ ဘွဲ့ ၄ ဦး။

· စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဇေယျကျော်ထင်ဘွဲ့ ၁၂ ဦးနှင့် အလင်္ကာကျော်စွာဘွဲ့ ၂ ဦး။

· တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ် ၁၄ ဦး။

· မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်များ ရဲသူရတံဆိပ် ၇၅ ဦး၊ ရဲဗလတံဆိပ် ၉၆၁ ဦး၊ ရဲကျော်စွာတံဆိပ် ၉ ဦး၊ ရဲကျော်သူတံဆိပ် ၃ ဦး။

· မြန်မာနိုင်ငံ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) ၁၇ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်) ၂၆ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမ ဆင့်) ၂ ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ၁၀ ဦး။

· စီးပွားထူးချွန်တံဆိပ်များ လယ်ယာစီးပွားထူးချွန်တံဆိပ်(တတိယဆင့်) ၅ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယ ဆင့်) ၄ ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(ဒုတိယဆင့်) ၁၁ ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(တတိယဆင့်) ၉၇ ဦး။

· ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်) ၁ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယဆင့်) ၃၃ ဦး၊ အနုပညာထူးချွန်တံဆိပ် (ပထမဆင့်) ၁ ဦး၊ အနုပညာထူးချွန်တံဆိပ်(တတိယဆင့်) ၃ ဦး တို့အား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းရာတွင် ဆရာတော် ၂၈၄ ပါး၊ သီလရှင်ဆရာတော် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၇ ဦးတို့အား လှူဒါန်းအပ်နှင်းခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လူပုဂ္ဂိုလ် ၁,၂၇၉ ဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့။