ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူများအား ဦးတည်အုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးခြင်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါသည်-
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်တင်ဘာလ ၁၈ ရက်အထိ လူဦးရေစုစုပေါင်း ၃၇ ဒသမ ၀၃ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၃၃ ဒသမ ၅၉ သန်း၊ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၄၄ သန်းနှင့် Booster ထပ်ဆောင်းထိုးနှံ ပြီးစီးသူ ၇ ဒသမ ၆၆ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၇၈ ဒသမ ၂၈ သန်းထိုးနှံပြီးဖြစ်။
- ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အဓိကအကျဆုံးဖြစ်သည့် နှာခေါင်းစည်းများကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေလျက်ရှိ။
- မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံမှုနှင့် ထပ်ဆောင်း ကာကွယ်ဆေးများထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံအသိပေးနှိုးဆော်ထား။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၀ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၁၀၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉၉ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၃.၃၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၀-၉-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၉၄၆,၈၄၈ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၉,၅၆၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၅၀ ဦးရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၉-၂၀၂၂)
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်တင်ဘာလ ၂၀ ရက်အထိ လူဦးရေစုစုပေါင်း ၃၇ ဒသမ ၀၃ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၃၃ ဒသမ ၅၉ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၄၄ သန်းနှင့် Booster ထပ်ဆောင်းထိုးနှံပြီးစီးသူ ၇ ဒသမ ၆၆ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၇၈ ဒသမ ၂၈ သန်းထိုးနှံပြီးဖြစ်။
- ၂၀-၉-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၉၄၆,၈၄၈ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၉,၅၆၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၅၀ ဦး ဖြစ်ပြီး ၂၀-၉-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၃.၃၀ ရာခိုင်နှုန်းရှိ။
Add new comment