နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၀/၂၀၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၀ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အရှေ့ဖျားဒေသစီးပွားရေး ဖိုရမ်(EEF)သို့ ပါဝင်တက်ရောက်ခဲ့မှုနှင့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုအပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သည့်အခြေအနေများ၊
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာခဲ့သည့် စီးပွားရေးလုပ်ငန်းများအပါအဝင် အခက်အခဲမျိုးစုံများအကြားမှ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့ကျသည့် နည်းလမ်းပေါင်းစုံကို အသုံးပြုဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လတ်တလောဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ကူညီမှုအခြေအနေများ၊
- ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
- NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်အတွင်း အကြမ်းဖက်လုပ်ဆောင်မှုများနှင့် အကြမ်းဖက်အားပေးမှုများ မဖြစ်စေရန် ပြည်သူလူထုသို့ အသိပေးချက်များနှင့် စပ်လျဉ်း၍ PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက်မှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်အရ ပြုစုပြီးသည့် လူဦးရေစာရင်းအပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေများအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး နှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၉-၂၀၂၂)
- ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အရှေ့ဖျားဒေသစီးပွားရေးဖိုရမ်(EEF)သို့ ပါဝင်တက်ရောက်ခဲ့မှုနှင့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှု အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သည့်အခြေအနေများ၊
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လတ်တလောဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ကူညီမှုအခြေအနေများ၊
- ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
- NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်အတွင်း အကြမ်းဖက်လုပ်ဆောင်မှုများနှင့် အကြမ်းဖက်အားပေးမှုများ မဖြစ်စေရန် ပြည်သူလူထုသို့ အသိပေးချက်များနှင့် စပ်လျဉ်း၍ PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့။
Add new comment