မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၂၀၀ ကျော်ရှိပြီး ခရီးသွားလုပ်ငန်းများကို ၂၀၁၄ ခုနှစ်၌ စတင်အကောင်အထည်ဖော်ဆောင်ခဲ့ရာ မြိတ်ကျွန်းစုသို့ ရက်ရှည်ရုံးပိတ်ရက်များ၌ တစ်ရက်လျှင် ခရီးသွားဦးရေ ၂၀၀ မှ ၃၀၀ အထိရှိပါသည်။ ခရီးသွားများ အဆင်ပြေစွာသွားလာနိုင်စေရန် Speed-boat နှင့် အမြန်ရေယာဉ်များ ပြေးဆွဲပေးလျက်ရှိပြီး ဧည့်လမ်းညွှန်များကလည်း ခရီးသွားများ အန္တရာယ်ကင်းရှင်းစေရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် ဒေသခံများ ပူးပေါင်း၍ ထိန်းသိမ်းဖော်ဆောင်လျက်ရှိပါသည်။
မြိတ်ကျွန်းစုသည် နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ဒေသတွင်းခရီးသွားများကို ဆွဲဆောင်လျက်ရှိပြီး မြိတ်ကျွန်းစုပင်လယ်ပြင်ခရီးစဉ်များတွင် ထင်ရှားပြီး လူသိအများဆုံးနေရာများမှာ ကျွန်းဘုရင် (ခေါ်) လေးကျွန်းနှင့်စမတ်ကျွန်း (ခေါ်) ပါပန့်ကျွန်းနှင့် သမီးလှကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း(CBT)၊ တောင်ပံကြီးကျွန်းနှင့် ဘေလီကျွန်းတို့ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ကမ်းခြေနှင့် ကျွန်းများသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်စေရန် ခရီးသွားလုပ်ငန်းများကို လာမည့် အောက်တိုဘာလတွင် ပြန်လည်စတင်တော့မည်ဖြစ်သဖြင့် နိုင်ငံခြားသားခရီးသွားများ လွယ်ကူစွာလည်ပတ်နိုင်ရေးလိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၀-၉-၂၀၂၂)
-
လာမည့်အောက်တိုဘာလတွင် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ ပြန်လည်စတင်တော့မည်ဖြစ်သဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများမှ နိုင်ငံခြားသားခရီးသွားများ လွယ်ကူစွာ လည်ပတ်နိုင်ရေးလိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိ။
Add new comment