သတင်းမှားများ၊ ကောလဟာလများကို လူမှုမီဒီယာပလက်ဖောင်းမျိုးစုံမှ ဖြန့်ဝေနေမှုကြောင့် ပြည်သူများ၏ သတင်းအမှန်သိပိုင်ခွင့် ဆုံးရှုံးလျက်ရှိ

      ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုပ်သံထုတ်လွှင့်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများတွေ့ဆုံပွဲကို စက်တင်ဘာလ ၁၉ ရက်တွင် ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရုပ်သံထုတ်လွှင့်လျက်ရှိသည့် မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

          တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက-

  • မီဒီယာ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မိတ်ဖက်မီဒီယာများအနေဖြင့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေဖြစ်ရန် လိုအပ်သည့်အပြင် နိုင်ငံတော်၏ရှေ့ဆက်သွားမည့် မူဝါဒများနှင့်ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း။
  • ယနေ့အချိန်တွင် အချို့မီဒီယာများသည် သတင်းအမှားများ၊ ကောလဟာလများကို ဖြန့်ဝေထုတ်လွှင့်နေသည့်အတွက် ပြည်သူများကို ထိခိုက်မှုများစွာ ဖြစ်ပေါ်စေပြီး သတင်းအမှန်သိပိုင်ခွင့် ဆုံးရှုံးလျက်ရှိကြောင်း။
  • နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် သတင်းအမှန်များထုတ်လွှင့်ပြီး မှန်ကန်သည့် အရွေ့တစ်ခုသို့ ရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများမှ ရုပ်သံလွှင့်မီဒီယာများ သတိပြုရမည့်အချက်များ၊ ရုပ်သံလွှင့်ဥပဒေများ ပြဋ္ဌာန်းထားရှိမှုအခြေအနေများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် TV, FM Broad- caster ကုမ္ပဏီများနှင့်ပတ်သက်၍ အသီးအသီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၂)

  • ရုပ်သံထုတ်လွှင့်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မီဒီယာ၏အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မိတ်ဖက်မီဒီယာများအနေဖြင့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေဖြစ်ရန် လိုအပ်သည့်အပြင် နိုင်ငံတော်၏ရှေ့ဆက်သွားမည့် မူဝါဒများနှင့်ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း။
  • ယနေ့အချိန်တွင် အချို့မီဒီယာများသည် သတင်းအမှားများ၊ ကောလဟာလများကို ဖြန့်ဝေထုတ်လွှင့်နေသည့်အတွက် ပြည်သူများကို ထိခိုက်မှုများစွာ ဖြစ်ပေါ်စေပြီး သတင်းအမှန်သိပိုင်ခွင့် ဆုံးရှုံးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Add new comment