ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂၀၂၂)ကို စက်တင်ဘာလ ၁၉ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဥပဒေမူဘောင်များ တောင့်တင်းခိုင်မာစေရန် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
- မူးယစ်ဆေးဝါးမှု၊ အဂတိလိုက်စားမှု၊ နယ်စပ်ဖြတ်ကျော်မှောင်ခိုမှုများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ပိုမိုသိရှိနားလည်ရန်၊
- ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များတွင် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေ အန္တရာယ်အခြေပြု ကွင်းဆင်း/ရုံးထိုင်စစ်ဆေးမှုများ ဆောင်ရွက်ရန်၊
- ငွေကြေးခဝါချမှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ကျူးလွန်ထားသော ငွေကြေးပိုင်ဆိုင်မှုပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းနိုင်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်၊
- ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် Financial Action Task Force – FATF က မြန်မာနိုင်ငံကို တိုးတက်ဆောင်ရွက်မှုများ စောင့်ကြည့်မည့်နိုင်ငံနှင့် ဒေသများ (Grey List) စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း၊
- အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ဆောင်ရွက်ချက်များကို အာရှ-ပစိဖိတ်ဒေသပူးတွဲအဖွဲ့ (Asia-Pacific Joint Group-APJG) သို့ တိုးတက်မှုအစီရင်ခံစာ လေးလတစ်ကြိမ်ပေးပို့ရခြင်း၊ မျက်နှာချင်းဆိုင်အစည်းအဝေးများ တက်ရောက်ရခြင်း၊ စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက် တိုးမြှင့်ပေးနိုင်ရေးနှင့် (Asia-Pacific Group On Money Laundering - APG) သို့ တစ်နှစ်လျှင်တစ်ကြိမ် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာပေးပို့ခဲ့ကြောင်း။
- ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ၊ ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းများအပါအဝင် အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အပြီးသတ်ဆောင်ရွက်ရန် FATFက တိုက်တွန်းထားကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၂)
- ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဥပဒေမူဘောင်များ တောင့်တင်းခိုင်မာစေရန် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်။
- ငွေကြေးခဝါချမှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ကျူးလွန်ထားသော ငွေကြေးပိုင်ဆိုင်မှုပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းနိုင်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်။
Add new comment