ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့၌ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ် လပ်ရေးနေ့အခါသမယတွင် ရုရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့မှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီး သီးပေးပို့ခဲ့ကြပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က-

· မြန်မာ-ရုရှားဆက်ဆံရေးသည် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် ဖော်ကျူးထားပါကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးခိုင်မာစေရေးကို ရှေးရှု၍ နှစ် နိုင်ငံအတူတကွ ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် နှစ်နိုင်ငံအကြား အခြားသော ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့်ဖော်ဆောင်သွားနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း။

· အဆွေတော် ကျန်းမာ၍ အောင်မြင်မှုများ ရရှိပါစေကြောင်း နှင့် မြန်မာပြည်သူ ပြည်သားအပေါင်း  ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ် ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီက-

· ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း။

· မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး အာဆီယံဒေသတွင်း ဖိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုကို များစွာတန်ဖိုးထားရှိကြောင်း။

· မြန်မာနိုင်ငံ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကမ္ဘော ဒီးယားနိုင်ငံက ဆက်လက်၍ ကတိကဝတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံ၏ အနာဂတ်သာယာဝပြောရေးအတွက် ဆုမွန် ကောင်းတောင်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်က-

· ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသော ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းဖြင့် ဒေသတွင်းသာမက နိုင်ငံတကာ၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

· မကြာမီကာလအတွင်း အဆွေတော်အား မြန်မာနိုင်ငံ၌ တွေ့ဆုံရန် မျှော်လင့်လျက်ရှိပြီး အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

အလားတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလဗ်ရော့ဗ်၊ ကမ္ဘောဒီးယား နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန မစ္စတာ ပရက်ဆုတ်ခ် ခွန်း၊ ဆားဘီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နီကိုလာ ဆဲလ်လာ ကောဗစ်နှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရီဆောင်န်ဂွန်တို့ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြပါသည်။

  • ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးခိုင်မာစေရေးကို ရှေးရှု၍ နှစ်နိုင်ငံအတူတကွ ကြိုးပမ်းအားထုတ်မှုများ မှတစ်ဆင့် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် နှစ်နိုင်ငံအကြား အခြားသော ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့်ဖော်ဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က သဝဏ်လွှာ ပေးပို့ခဲ့။
  • မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး အာဆီယံဒေသတွင်း ဖိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုကို များစွာတန်ဖိုးထား ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဘုရင်မင်းမြတ်က သဝဏ်လွှာပေးပို့ခဲ့။
  • မကြာမီကာလအတွင်း အဆွေတော်အား မြန်မာနိုင်ငံ၌တွေ့ဆုံရန် မျှော်လင့်လျက်ရှိပြီး အဆွေတော်အား အစဉ် ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ်က သဝဏ်လွှာပေးပို့ခဲ့။
  • နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဆားဘီးယားသမ္မတနိုင်ငံ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများက ဝမ်းမြောက် ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့။