ခြောက်လတာကာလအတွင်း ဂျပန်နိုင်ငံသို့ လုပ်သား ၈,၀၀၀ ကျော်စေလွှတ်နိုင်

         ဂျပန်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်ပလုပ်သားများကို ၂၀၂၀ ပြည့်နှစ်မှစ၍ ပြည်ဝင်ခွင့်ယာယီပိတ်သိမ်းခဲ့ပြီး ယခုနှစ်မတ်လတွင် ပြန်လည်ခွင့်ပြုခဲ့ရာ ခြောက်လတာကာလအတွင်း ဂျပန်နိုင်ငံသို့ မြန်မာလုပ်သား ၈,၀၀၀ ကျော်စေလွှတ်ခဲ့ပါသည်။ ထိုသို့စေလွှတ်ရာတွင် အလုပ်သင်လုပ်သားများကိုသာ အဓိကစေလွှတ်နေခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်သားစေလွှတ်မှု ယာယီမရပ်နားမီကာလတွင် အလုပ်ခေါ်စာအင်တာဗျူးဖြေဆိုပြီး စောင့်ဆိုင်းနေသူများ ပါဝင်သောကြောင့် ယခုနှစ်သည် ယခင်နှစ်ထက်လုပ်သားစေလွှတ်မှု ပိုမိုများပြားခဲ့ပါသည်။

          လက်ရှိတွင် ဂျပန်နိုင်ငံသို့ အလုပ်သင်လုပ်သားများပိုမိုစေလွှတ်နိုင်ရန် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့် Japan Myanmar Association တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်း၊ စားသောက်ကုန်နှင့် အထည်ချုပ်လုပ်ငန်းများတွင် မြန်မာလုပ်သားများ အများဆုံးသွားရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၉-၂၀၂၂)

  • ယခုနှစ် ခြောက်လတာကာလအတွင်း ဂျပန်နိုင်ငံသို့ မြန်မာလုပ်သား ၈,၀၀၀ ကျော် စေလွှတ်ခဲ့။
  • ယခင်နှစ်တွင် အလုပ်ခေါ်စာအင်တာဗျူးဖြေဆိုပြီး စောင့်ဆိုင်းနေသူများ ပါဝင်သောကြောင့် ယခုနှစ်၌ ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်မှု ပိုမိုများပြားခဲ့။

Add new comment