ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများကို ကျင်းပခဲ့ရာ-

  • စက်တင်ဘာလ ၁၄  ရက်တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁၄ ဦးအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်လည်းကောင်း၊

  • စက်တင်ဘာလ ၁၅  ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မှ PDF အဖွဲ့ဝင် အမျိုးသမီး ၄ ဦးအားလည်းကောင်း၊

  • စက်တင်ဘာလ ၁၆  ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှ အမျိုးသား ၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့မှ  အမျိုးသား ၆ ဦးတို့အား လည်းကောင်း၊

  • စက်တင်ဘာလ ၁၇  ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်းမှ အမျိုးသမီး ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းမှ အမျိုးသား ၄ ဦးနှင့် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းမှ အမျိုးသား ၂ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့များထံသို့ လာရောက်ခိုလှုံခဲ့။  

      လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီးဖြစ်ရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်မှ စက်တင်ဘာလ ၁၉  ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၂၄၃ ဦးနှင့် အမျိုးသမီး ၆၁ ဦး စုစုပေါင်း ၃၀၄ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၉-၂၀၂၂)

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည် အပ်နှံခဲ့။

  •  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉  ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၂၄၃ ဦးနှင့် အမျိုးသမီး ၆၁ ဦး စုစုပေါင်း ၃၀၄ ဦးရှိပြီဖြစ်။

Add new comment